အာဖဂန်နစ္စတန်ရှိ ယဉ်ကျေးမှုစင်တာမှာ ဗုံးခွဲတိုက်ခိုက်ခံရလို့ ၄၁ ဦးသေဆုံး

p05s6dp5.jpg

ဒီဇင်ဘာ ၂၈ ရက်က အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးလ်မြို့ရှိ ရှီးလ်ယား ယဉ်ကျေးမှုစင်တာ (Shia cultural centre) မှာ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့လို့ အနည်ဆုံး ၄၁ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အသေခံတိုက်ခိုက်ရေးသမားများဟာ စင်တာရဲ့ အပြင်ဘက်မှာ အရင်ဆုံး စတင်တိုက်ခိုက်ခဲ့ပြီးနောက် ပေါက်ကွဲရေး ပစ္စည်းများကို စင်တာရဲ့ အောက်ထပ်မှာ စတင်ဖောက်ခွဲခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကွဲမှုကြောင့် ဘေးနားက Afghan Voice news agency ရုံးခန်းလည်း ပျက်ဆီးခဲ့တယ် လို့သိရပါတယ်။ ဒီပေါက်ကွဲမှုကြောင့် သတင်းအေဂျင်စီမှ သတင်းထောက်တစ်ယောက်သေဆုံးခဲ့ပြီး တစ်ယောက်ဒဏ်ရာရခဲ့တယ် လို့သိရပါတယ်။

တာလီဘန်အဖွဲ့ကတော့ အဲဒီ တိုက်ခိုက်မှုတွေမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းထားပြီး အခုတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က မှ ဝန်ခံထားခြင်း မရှိသေးပါဘူး။ ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာမှာ စိုးရိမ်ရတဲ့ထိခိုက်ပျက်စီးမှုတွေအပြင် သေဆုံး ဒဏ်ရာရတဲ့လူတွေ မြေပြင်မှာလဲနေတယ်လို့ မျက်မြင်သက်သေတွေကပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ပြောဆိုခွင့်ရှိသူ နာဂျစ် ဒါနစ် က အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ ယဉ်ကျေးမှုစင်တာမှာ အာဖဂန်သို့ ဆိုဗီယက်တို့ ကျူးကျော်ခြင်း ၃၈ နှစ်ပြည့် အခမ်းအနားအတွင်း ဗုံးခွဲတိုက်ခိုက်မှုဖြစ်ခဲ့တာ ဖြစ်ပြီး တက်ရောက်ကြတဲ့ ကျောင်းသားအများစု ထိခိုက်ဒဏ်ရာရခဲ့ကြတယ် လို့သိရပါတယ်။ အခုတိုက်ခိုက်မှုဟာ မီဒီယာအဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှုတွေထဲမှာ နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကလည်း အာဖန်ဂန်နစ္စတန်နိုင်ငံထဲက မီဒီယာတွေကို တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

အာဖန်ဂန်နစ္စတန်နိုင်ငံ ဟာ မီဒီယာတွေအတွက် အန္တာရယ် အရှိဆုံးနိုင်ငံဖြစ်တယ်လို့ နယ်စည်းမခြား သတင်းထောက်အဖွဲ့ က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အာဖန်ဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၇ ခုနှစ်အတွင်းမှာပဲ ဂျာနယ်လစ် ၂ ဦးနဲ့ မီဒီယာအကူ ၅ ဦး ဟာ အလုပ်လုပ်တွေ လုပ်နေရင်းနဲ့ ပဲ လုပ်ကြံသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

Ref : Independent : Kabul explosion

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top