ဖေ့ဘွတ်ခ် ၁ မိနစ်ကျသွားရင် ကြော်ငြာဝင်ငွေ ဘယ်လောက်ဆုံးရှုံးသလဲ

6.3.24-yyl-15.jpg

မနေ့ညက တစ်ကမ္ဘာလုံးမှာ ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်အကောင့်တွေနဲ့ မက်ဆင်ဂျာ ဝင်မရတော့တဲ့ကိစ္စက လူအများကြား ပွက်လောရိုက်သွားခဲ့တယ်။ ၂ နာရီလောက်ကြာမှ ပြန်အသုံးပြုလို့ရခဲ့ပြီး ဒီဖြစ်ရပ်ကြောင့် ဖေ့ဘွတ်ခ်ရဲ့ ရှယ်ယာတန်ဖိုး ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်။

ဖေ့ဘွတ်ခ် ၂ နာရီလောက် ကျသွားတဲ့ဖြစ်ရပ်က ဒေါ်လာ သန်း ၃၀ ကျော် ဆုံးရှုံးနစ်နာစေတယ်လို့ တွက်ချက်ဖော်ပြကြတယ်။ ဖေ့ဘွတ်ခ်ဟာ ၂၀၂၃ ခုနှစ် နောက်ဆုံး ၃ လပတ်အတွင်း ကြော်ငြာဝင်ငွေ အမေရိကန်ဒေါ်လာ ၃၈.၇ ဘီလျံ ရရှိခဲ့ပြီး ၉၂ ရက်မှာ ၃၈.၇ ဘီလျံဆိုတော့ တစ်ရက်ကို ဒေါ်လာ သန်း ၄၂၀ ရရှိခဲ့တာပါ။ ဒီနှစ် ၃ လပတ်မှာ အလားတူ ဝင်ငွေရခဲ့တယ်ဆိုရင် တစ်မိနစ်ကို ကြော်ငြာဝင်ငွေ ဒေါ်လာ ၂၉၂၁၁၉ ရရှိခဲ့တာဖြစ်ပြီး ၂ နာရီဆိုရင် ဒေါ်လာ ၃၅ သန်းအထိ ဆုံးရှုံးရနိုင်တယ်လို့ ဆိုပါတယ်။

Meta ကုမ္ပဏီရဲ့ လူမှုကွန်ရက် ပလက်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်ဟာ လစဉ်အသုံးပြုသူ ၃ ဘီလျံရှိပြီး အင်စတာဂရမ်ကတော့ ဒီနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ အသုံးပြုသူ ၁.၄ ဘီလျံအထိ ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Huge amount of money Mark Zuckerberg will have lost after Facebook and Instagram went down

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top