ယူနက်စကိုက၂၀၁၉ ခုနှစ်အတွက်လျာထားတဲ့ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ပုဂံပါဝင်လာ

bagan-myanmar-0.jpg

ကမ္ဘာ့အမွေအနှစ်စာရင်းမှာထည့်သွင်းထားရမယ့် နေရာဒေသတွေရွေးချယ်ရေး (၄၃) ကြိမ်မြောက် ကော်မတီအစည်းအဝေးကို ယူနက်စကိုအဖွဲ့ကြီးက ဇွန်လ (၃၀) ရက်နေ့ကနေ ဇူလိုင်လ (၁၀) ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံမှာ ကျင်းပလျက်ရှိပါတယ်။ စာရင်းဝင်ပြီးဖြစ်တဲ့ ကမ္ဘာ့အမွေအနှစ်ဒေသ (၁၀၉၂) ခုအပြင် နိုင်ငံပေါင်း (၁၆၇) နိုင်ငံမှာရှိနေတဲ့ နောက်ထပ်ထည့်သွင်းသွားမယ့် နေရာဒေသတွေကို အဖွဲ့ဝင်နိုင်ငံ (၂၁) နိုင်ငံက မကြာခင် စိစစ် ရွေးချယ်သွားကြတော့မှာပါ။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားတဲ့ ဒေသတစ်ခုအနေနဲ့ နိုင်ငံခြားခရီးသွားကဏ္ဍကနေ ဝင်ငွေတွေပိုရလာနိုင်တဲ့အပြင် ယူနက်စကိုရဲ့ ကာကွယ် ထိန်းသိမ်းပေးမှုကိုလည်း ခံရမှာဖြစ်ပါတယ်။ လောလောဆယ် လျာထားစာရင်းထဲမှာပါဝင်နေတဲ့ မြန်မာနိုင်ငံက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ သာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သွားရင် မြန်မာနိုင်ငံအနေနဲ့ စာရင်းဝင်ပြီးသား ပျူ (၃) မြို့ရဲ့နောက် ဒုတိယမြောက်ကမ္ဘာ့အမွေအနှစ်ဒေသတစ်ခုကို ထပ်မံပိုင်ဆိုင်ခွင့်ရမှာပါ။

ဒါကြောင့် အခုကာလက ကျွန်တော်တို့အားလုံး ပုဂံအတွက် ဆုတောင်းပေးနေရမယ့်အချိန်လို့ ဆိုနိုင်ပြီး ယူနက်စကိုရဲ့ကမ္ဘာ့အမွေအနှစ်စာရင်း (၂၀၁၉) အတွက် လျာထားခံရတဲ့နေရာဒေသတွေကို ပရိသတ်တွေ သိရှိမှတ်သားထားနိုင်စေဖို့အတွက်လည်း အခုဖော်ပြပေးလိုက်ပါရစေ။

သဘာဝအမွေအနှစ်ဒေသများစာရင်း

  • ဘိုဟိုင်းပင်လယ်ကွေ့၊ ပင်လယ်ဝါကမ်းရိုးတန်းတစ်လျှောက်က ငှက်နားခိုစခန်း (တရုတ်နိုင်ငံ)
  • မြေခွေးသစ်တော (အီရန်နိုင်ငံ)
  • Kaeng Krachan အမျိုးသားဥယျာဉ် (ထိုင်းနိုင်ငံ)
  • ပြင်သစ်နိုင်ငံက တောင်ပိုင်းကုန်းမြေနဲ့ ပင်လယ်များ
  • ပြင်သစ်၊ အီတလီနဲ့ မိုနာကိုနိုင်ငံတွေရဲ့ နယ်နိမိတ်များတစ်လျှောက်မှာတည်ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံးနဲ့ အရှည်လျားဆုံးတောင်တန်းဒေသ
  • အမျိုးသားပန်းခြံ (Iceland)

ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဒေသများစာရင်း

  • ဘေဘီလုံ (အီရတ်နိုင်ငံ)
  • Budj Bim ယဉ်ကျေးမှုဒေသ (ဩစတြေးလျနိုင်ငံ)
  • လင်ကျိုးမြို့က ဗိသုကာလက်ရာအပျက်အစီးများ (တရုတ်နိုင်ငံ)
  • ရှေးအကျဆုံးသောသင်္ချိုင်း (ဂျပန်နိုင်ငံ)
  • ပုဂံ (မြန်မာနိုင်ငံ)
  • ဂျိုဆွန်းခေတ်စာသင်ကျောင်းဆောင် (တောင်ကိုရီးယားနိုင်ငံ)

အန္တရာယ်နဲ့ကြုံနေတဲ့ဒေသစာရင်းကနေ ပြန်ဖယ်ရှားပေးတော့မယ့်ဒေသများစာရင်း

  • ယေရှုခရစ်တော်ဖွားမြင်ရာနေရာ (ပါလက်စတိုင်းနိုင်ငံ)
  • Humberstone (ချီလီနိုင်ငံ)

စာရင်းအပြည့်အစုံကို အသေးစိတ်ဖတ်ရှုချင်သူတွေအနေနဲ့ ဖော်ပြပါလင့်ခ်ကနေ မူရင်းသတင်းကို သွားရောက်လေ့လာနိုင်ပါတယ်။

Ref: CNN “These are the 2019 nominees for UNESCO’s list of World Heritage Sites”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top