ပေ ၂၅၀ နက်တဲ့ ချောက်ထဲ ကားထိုးကျခဲ့ပေမဲ့ မိသားစု ၄ ယောက်လုံး အသက်ဘေးမှ လွတ်မြောက်

6-1-2023-yyl-45.jpg

တောင်စောင်းပေါ်ကနေ ပေ ၂၅၀ နက်တဲ့ ချောက်ထဲ ကားထိုးကျသွားခဲ့ပေမဲ့ မိသားစု ၄ ယောက်ဟာ ကံကောင်းထောက်မစွာနဲ့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီအချိန်က အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ Tesla ကားတစ်စီး ချောက်ထဲ ထိုးကျသွားခဲ့ပါတယ်။

ကားပေါ်မှာ ကလေးငယ်နှစ်ဦးအပါအဝင် မိသားစု ၄ ဦး လိုက်ပါလာခဲ့တာပါ။ ကားဟာ ချောက်ထဲကျသွားပြီးနောက် အကြိမ်ကြိမ် လိမ့်ပြီးတော့မှ ရပ်တန့်သွားခဲ့တာပါ။ ဒါပေမဲ့ ကားပေါ်မှာ လိုက်ပါခဲ့တဲ့ မိသားစု ၄ ယောက်ကတော့ အသက်ဘေးက လွတ်မြောက်ခဲ့သလို အသက်အန္တရာယ် စိုးရိမ်ရတဲ့ ဒဏ်ရာမျိုးလည်း မရခဲ့ပါဘူး။

ကယ်လီဖိုးနီးယား မီးသတ်နဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့က မိသားစု ၄ ယောက်ကို ရဟတ်ယာဉ်နဲ့ ကယ်တင်ပေးခဲ့တာပါ။

Ref: Family Rescued After Lucky Tesla Survives Plunge Over Cliff in California

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top