ကင်ဆာရောဂါ အရှင်းပျောက်သွားခဲ့တဲ့ ကင်ဆာရောဂါသည် နှစ်နှစ်သမီးလေး

Kenni-main-ht-ml-190227_hpMain_4x3_992.jpg

မက်ကန်နာ ရှီယာ ဇိုင်ဒီအက် (McKenna Shea Xydias) ဆိုတဲ့ ကလေးမလေးက ရှားပါးသားအိမ်ကင်ဆာရောဂါကို ခံစားခဲ့ရပြီးနောက် အခုဆိုရင် ကင်ဆာရောဂါ အရှင်းပျောက်သွားပြီလို့ သိရပါတယ်။

အဲဒီကလေးမလေးက (၂) နှစ်အရွယ်သာ ရှိသေးပြီး သူ့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက “ကန်နီ” လို့ ချစ်စနိုးနဲ့ ခေါ်ကြပါတယ်။ သူဟာ ကင်ဆာရောဂါကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှာ ခံစားရပြီးကတည်းက ဓာတုကုထုံးနည်းနဲ့ (၄) ကြိမ် ကုသခဲ့ရပါတယ်။

ကလေးမလေးရဲ့ မိဘတွေဖြစ်တဲ့ မိုက်ခ် (Mike) နဲ့ မီယာဂန် ဇိုင်ဒီအက်တို့က ဇွန်လ (၁၂) ရက်နေ့မှာ သူတို့သမီးလေး ကင်ဆာရောဂါ ပျောက်သွားပြီဆိုတဲ့ သတင်းကို ဒေါက်တာ ကိတ်တီ ဆောတန် (Katie Sutton) ဆီကနေ ကြားခဲ့ရပါတယ်။

ဒေါက်တာဆောတန်က “ဓာတ်မှန်ရိုက်ကြည့်တာ ရှင်းလင်းနေပြီး ဘာမှ မတွေ့တော့ဘူး”လို့ မိဘတွေကို ပြောပါတယ်။ “သူနဲ့ သူ့ရဲ့ဝန်ထမ်းတွေကလည်း ကင်နီကို ရောဂါပျောက်သွားဖို့ မျှော်လင့်ထားတာပါ။ အခြေအနေအရ သွေးသွင်းဖို့ လိုအပ်တာကလွဲလို့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေ မရှိခဲ့ပါဘူး”လို့လည်း ဒေါက်တာက ပြောခဲ့ပါတယ်။

ဓာတုကုထုံးရဲ့ ဘေးထွက်ဆိုးကျိုးက ကန်နီကို စိန်ခေါ်နေပါတယ်။ ဒါပေမဲ့ ကလေးမလေးက နည်းနည်းလေးတော့ စိတ်ဆတ်နေတုန်းပဲလို့ သိရပါတယ်။ “သူက ဆေးရုံက လူတိုင်းရဲ့ မျက်နှာကို အပြုံးပန်းဆင်စေတယ်” လို့ လည်း သူ့ရဲ့မိခင်က ပြောပါတယ်။

သားအိမ်အနှစ်အိတ်အကျိတ်က သန္ဓေသားရဲ့အနှစ်အိတ်မှာ တည်ရှိတဲ့ ရှားပါးတဲ့ အကျိတ်ဆဲလ်တွေဖြစ်ပါတယ်။ အကြောင်းအရင်းကိုတော့ လူတွေ သိပ်မသိကြပါဘူး။ ဒါက အသက် (၂) နှစ်မတိုင်ခင် ကလေးတွေမှာ အများဆုံးတွေ့ရပါတယ်။

ကုသမှုကတော့ အကျိတ်ဖြစ်နေတဲ့အဆင့်နဲ့ နေရာပေါ်မူတည်ပါတယ်။ အကျိတ်က သားအိမ်ထဲမှာဆိုရင် လူနာတွေက ဓာတုကုထုံးနဲ့ ခွဲစိပ်ကုသမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။

Ref: ABC News “2-year-old diagnosed with rare ovarian cancer is now cancer-free”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top