အံ့သြကျေနပ်စရာအပြည့်နဲ့ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့တဲ့ ၂၀၂ဝပြည့်နှစ်ရဲ့ အော်စကာဆုပေးပွဲ

yyl-033-2.jpg

၉၂ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ (အော်စကာဆုပေးပွဲ) ကို Dolby Theatre မှာ ၂၀၂ဝပြည့်နှစ် ဖေဖော်ဝါရီ ၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆုပေးပွဲရဲ့ Red Carpet Showမှာလည်း မထင်မှတ်ထားစရာတွေကြုံတွေ့ခဲ့ရသလို ဆုပေးအပ်ပွဲမှာလည်း မျှော်လင့်မထားတဲ့သူတွေလည်း ဆုရရှိခဲ့တာတွေရှိပါတယ်။ ဒီပွဲဟာဆိုရင် ဟောလိဝုဒ်ရဲ့အကြီးမားဆုံးပွဲလို့လည်း ပြောလို့ရပါတယ်။

ဒီပွဲမှာ Red Carpet Show ကိုကြည့်ရင်း လူအများစိတ်ဝင်စားခဲ့ပြီး တွစ်တာအကောင့်မှာ ချီးမွမ်းထောပနာပြုခံခဲ့ရတဲ့ နာမည်ကြီးမင်းသားနှစ်ယောက်ရှိခဲ့ပါတယ်။ တစ်ယောက်က တွမ်ဟန့်ခ်စ် ဖြစ်ပြီး နောက်တစ်ယောက်က ကီနူးရိဗ်ဖြစ်ပါတယ်။ တွစ်ဟန့်ခ်စ်နဲ့ ကီနူးရိဗ်တို့က အဲဒီပွဲမှာ လူအများရဲ့အာရုံကို ဖမ်းစားထားနိုင်ခဲ့တယ်လို့ဆိုရမှာပါပဲ။ တွစ်ဟန့်ခ်စ်က အမေရိကန်တပ်ကြပ်ကြီးနဲ့ ဒိုက်ထိုးခဲ့သလို ကီနူးရိဗ်က သူ့ရဲ့မိခင်နဲ့အတူ ပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။ ကီနူးရိဗ်က ပရိသတ်တွေ မျှော်မှန်းမထားတဲ့ သူတစ်ယောက်နဲ့ ပွဲအတူတူတက်ရောက်ခဲ့တဲ့အတွက် လူအများက အံ့အားသင့်ခဲ့ရတာဖြစ်ပါတယ်။

အခုနှစ်အော်စကာဆုပေးပွဲကတော့ အံ့သြစရာအပြည့်နဲ့ ကျင်းပပြီးစီးခဲ့တာပါပဲ။ အဲဒီပွဲမှာ မတက်ရောက်ဖြစ်တာ(၁၇) နှစ်ကြာပြီဖြစ်တဲ့ အမ်မီနမ်ကလည်း အထူးသီးသန့်အဆိုတော်အနေနဲ့ ဖျော်ဖြေတင်ဆက်မှုတွေပြုလုပ်ခဲ့တဲ့အတွက် ပရိသတ်တွေ အံ့သြခဲ့ရပြန်ပါတယ်။ အမ်မီနမ်က ၂၀၀၃ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမူရင်းသီချင်းဆုကို ရရှိပိုင်ဆိုင်ခဲ့ပြီးကတည်းက မတက်ရောက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မင်းသားကြီးဘရက်ပစ်ကလည်း အခုနှစ်ဆုပေးပွဲမှာ လီယိုနာဒို ဒီကာပရီယိုနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ “Once Upon A Time in Hollywood” ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ ဆုကြီးအနေနဲ့ပြောရရင် မထင်မှတ်ထားရလောက်အောင် ကိုရီးယားဇာတ်ကား Parasite က ဆု (၄) ဆုဖြစ်တဲ့ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ကားဆု၊ အကောင်းဆုံးမူရင်းရုပ်ရှင်ဇာတ်ညွှန်းဆု၊ နိုင်ငံတကာဇာတ်ကားဆုတို့ကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားက အော်စကာသမိုင်းတစ်လျှောက်မှာ အဓိကဆုကြီးတွေကို ရရှိခဲ့တဲ့ ပထမဆုံးနိုင်ငံရပ်ခြား ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။ Parasite ရုပ်ရှင်ကားရဲ့အောင်မြင်မှုမှတ်တိုင်က တကယ်ကို အံ့မခန်းပါပဲ။

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုတော့ Joker ဇာတ်ကားနဲ့ ဂျိုအာကွင်း ဖိုနစ် က ရရှိခဲ့သလို အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို Judy ဇာတ်ကားနဲ့ ရီနီဇဲလ်ဝီဂါ က ရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။ ၂၀၂ဝပြည့်နှစ် အော်စကာဆုပေးပွဲရဲ့ဆုစာရင်းအပြည့်အစုံကို အောက်မှာ ဖော်ပြပေးလိုက်ရပါတယ်။

  • အကောင်းဆုံးဇာတ်ကားဆု – Parasite
  • အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု – ရီနီဇဲလ်ဝီဂါ
  • အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု – ဂျိုအာကွင်း ဖိုနစ်
  • အကောင်းဆုံးဒါရိုက်တာဆု – ဘုံဂျွန်ဟို (Parasite)
  • ဂီတ (Original Song) ဆု – Rocketman ဇာတ်ကားမှ “(I’m Gonna) Love Me Again”
  • ဂီတာ (Original Score) ဆု – Jocker
  • နိုင်ငံတကာရုပ်ရှင်ဆု – Parasite (တောင်ကိုရီးယား)
  • မိတ်ကပ်နဲ့ ဆံပင်ဆု – Bombshell
  • အထူးပြုလုပ်ချက်ဆု (Visual Effects) – 1917
  • အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု – Ford v Ferrari
  • အကောင်းဆုံးရုပ်ရှင်ရိုက်ကူးရေးပညာဆု – ရိုဂျာ ဒီရာကင်စ် (1917)
  • အကောင်းဆုံးအသံအရောအနှောဆု (Sound Mixing) – 1917
  • အကောင်းဆုံးအသံတည်းဖြတ်ဆု – Ford v Ferrari
  • အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆု – လော်ရာ ဒန် (Marriage Story)
  • အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု – ဘရက်ပစ် (Once Upon A Time in Hollywood)
  • သတင်းမှတ်တမ်းရုပ်ရှင်တိုဆု – Learning to Skateboard in a Warzone (If You’re a Girl)
  • သတင်းမှတ်တမ်းရှပ်ရှင်ဆု – American Factory
  • အကောင်းဆုံးဝတ်စုံဒီဇိုင်းဆု – ဂျက်ကရင်း ဒူရန် (Little Women)
  • အကောင်းဆုံး ထုတ်လုပ်ရေးဒီဇိုင်းဆု – Once Upon a Time…in Hollywood
  • Live-action ဇာတ်လမ်းအတိုဆု – The Neighbors’ Window
  • အကောင်းဆုံးမှီငြမ်းဇာတ်ညွှန်းဆု- ထိုက်ကာ ဝေတီတီ (Jojo Rabbit)
  • အကောင်းဆုံးမူရင်းဇာတ်ညွှန်းဆု – ဘုံဂျွန်ဟို (Parasite)
  • အန်နီမေးရှင်းဇာတ်ကားအတိုဆု – Hair Love
  • အန်နီမေးရှင်းဇာတ်ကားဆု – Toy Story 4

Ref: Oscars 2020 winners: The full list of results
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top