အော်စကာဆုပေးပွဲရဲ့ Red Carpet မှာ အမေရိကန်တပ်ကြပ်ကြီးနဲ့အတူ ဒိုက်ထိုးခဲ့တဲ့ တွမ်ဟန့်ခ်စ်

yyl-026-4.jpg

Forrest Gump ဇာတ်ကားနဲ့ လူသိများတဲ့ နာမည်ကြီးမင်းသား တွမ်ဟန့်ခ်စ်က ၉၂ ကြိမ်မြောက်အကယ်ဒမီဆုပေးပွဲ (အော်စကာပွဲ) ကို တက်ရောက်ခဲ့ပါတယ်။ သူဟာ အဲဒီပွဲ တက်ရောက်ရင်းနဲ့ ပရိသတ်တွေကို အံ့အားသင့်သွားအောင် လုပ်ခဲ့ပါတယ်။ အဲဒါကတော့ တွမ်ဟန့်ခ်စ်က Red Carpet ပေါ်လျှောက်လာရင်း အမေရိကန်တပ်ကြပ်ကြီးနဲ့အတူ ဒိုက်ထိုးခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက် ဒိုက်ထိုးနေတာကို ကြည့်ပြီး ပွဲလာပရိသတ်တွေနဲ့ စစ်သားတွေက ဂုဏ်ပြုစွာနဲ့ လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။ မင်းသားကြီး တွမ်ဟန့်ခ်စ်က Saving Private Ryan ဇာတ်ကားမှာ ဗိုလ်ကြီးအဖြစ် ပါဝင်ပြီးတဲ့နောက်မှာ စစ်တပ်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့တာဖြစ်ပါတယ်။ အဲဒီဇာတ်ကားကလည်း ၁၉၉၉ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ ဆု(၅) ဆုရရှိခဲ့ပါတယ်။ မင်းသားကြီးက တပ်ကြပ်ကြီးနဲ့အတူ ဒိုက်ထိုးခဲ့တဲ့အကြောင်းက တွစ်တာအကောင့်မှာ လူပြောများလို့နေပြီး ချီးကျူးထောပနာပြုလို့နေပါတယ်။

တွမ်ဟန့်ခ်စ်က နိုဝင်ဘာလက ရုံတင်ပြသခဲ့တဲ့ A Beautiful Day in the Neighborhood ဇာတ်ကားနဲ့ အကောင်းဆုံးဇာတ်ပို့ဆုအဖြစ် အော်စကာဆုပေးပွဲရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပေမဲ့လည်း အခုနှစ်မှာ ဆုနဲ့ လွှဲချော်ခဲ့ပါတယ်။ သူက ၇၇ကြိမ်မြောက် Golden Globe ဆုပေးပွဲမှာတော့ Cecil B. DeMille Award ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

https://www.youtube.com/watch?v=8_XHmzDQ0F8

Ref: Tom Hanks Drops and Does Push Ups with a U.S. Army Sergeant on the Oscars Red Carpet

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top