သိမှတ်ဖွယ်ရာ အိမ်ထောင်ရေးအနုပညာ

Relationship_1.jpg

အိမ်ထောင်ရှင်အမျိုးသမီးများ စီးပွားရှာတတ်ပါစေ

အိမ်မှာပဲနေ ပေးတာယူ၊ ထားရာနေ၊ စေရာသွားရတဲ့ အိမ်ရှင်မတွေအတွက် တစ်နေ့မှာ သင့်အိမ်ထောင်ဖက်က သင့်အပေါ်ငြိုငြင်လာမှုတွေကို မလွှဲမသေခံရပါလိမ့်မယ်။

ကိုယ့်အိမ်ထောင်ဖက်ရဲ့ ကိစ္စအဝဝကို အစအဆုံးသိဖို့ မကြိုးစားပါနဲ့

မသိသင့်တဲ့ တစ်ချို့အကြောင်းအရာကိစ္စတွေကို မလိုအပ်ဘဲ သိနေခြင်းက သင့်စိတ်ကိုအလွန်ပင်ပန်းစေပါတယ်။

မိမိအိမ်ထောင်ဖက်ကိုလွန်စွာ မလိုက်ရောမိပါစေနဲ့

အဆုံးစွန်ထိလိုက်ရောပြီးမှ တစ်နေ့တစ်ချိန် မလိုက်ရောနိုင်တဲ့အချိန်မှာ သင့်ဟာသဘောထားသေးသိမ်တဲ့ မိန်းမတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။

အိမ်ထောင်ရေးမှာ သင်ကလည်း မဖောက်ပြန်ပါနဲ့

ဖောက်ပြန်တဲ့ အိမ်ထောင်ဘက်ကိုလည်း ခွင့်မလွှတ်သင့်ပါဘူး။ ဖောက်ပြန်သူအတွက် တူညီတဲ့ပြစ်ဒဏ်မျိုးလည်း ချမှတ်နိုင်ပါစေ။

ကိုယ်အပေါ်မကောင်းတဲ့ ပတ်ဝန်းကျင်၊မိသားစု၊အိမ်ထောင်ဘက် တွေကိုရဲရဲဝံဝံစွန့်လွှတ်နိုင်တဲ့ သတ္တိမျိုးမွေးပါ

ကမ္ဘာကြီးရဲ့တစ်နေရာမှာ သင့်အတွက်အကောင်းဆုံး ပတ်ဝန်းကျင်၊ မိသားစု၊ အိမ်ထောင်ဖက်တွေ ရှိနေနိုင်တာကိုလဲ မမေ့ပါနဲ့။

သင့် အိမ်ထောင်ဘက်အမြင်မှာ သင်ဟာ သိပ်အားနွဲ့လွန်းတဲ့ မိန်းမမျိုးမဖြစ်ပါစေနဲ့

တစ်ခါတစ်ရံမှာ ရဲရင့်တဲ့ခြင်္သေ့မလေးအဖြစ်လည်း မြင်နိုင်ပါစေ။

မိမိယုံကြည်ကိုးကွယ်တဲ့ဘာသာရေးနဲ့ အိမ်ထောင်ရေးဟာ အချိုးအစားညီနေပါစေ

မိမိရဲ့ လွန်ကဲတဲ့ ဘာသာရေးယုံကြည်မှုကြောင့် မိမိအိမ်ထောင်ဖက်ကို စိတ်မကျဉ်းကြပ်ပါစေနဲ့။

ရှုပ်ထွေးလွန်းတဲ့ အိမ်ထောင်မှုကိစ္စတွေကြားမှာ သင့်အတွက် ကောင်းမွန်တဲ့ စိတ်ထွက်ပေါက်တစ်ခုတော့အမြဲရှိနေပါစေ

မိန်းမတစ်ယောက်ရဲ့အချစ်ဟာ အိမ်ထောင်ပြုခြင်းမှာ အဆုံးသတ်ပေမဲ့, ယောက်ျားတစ်ယောက်ရဲ့အချစ်ဟာ ဘယ်သောအခါမှအဆုံးသတ်ခြင်းမရှိဘူးဆိုတဲ့ အမှန်တရားကိုလည် သိထားရပါလိ်မ့်မယ်။

Mayaster

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top