မြန်မာမိဘအများစုဟာ သားသမီးတွေအတွက် ပထမဆုံး လူ့အခွင့်အရေးချိုးဖောက်သူများဖြစ်

parent-and-child-hands-handing-flowers-PWCMEY6.jpg

မြန်မာပြည်မှာ ကလေးတစ်ယောက်ရဲ့ ဘဝအတွက် လွတ်လပ်ခွင့်ကို ဦးဦးဖျားဖျား ချိုးဖောက်နေကြသူတွေက သူတို့ရဲ့ မိဘတွေကိုယ်တိုင်ပဲ ဖြစ်နေတတ်ကြပါတယ်။

အများစုဟာ အာဏာရှင်စနစ်အောက်မှာ ထုသားပေသား ကျနေခဲ့တာမို့ ဒီမိုကရေစီစနစ်ကို ချစ်မြတ်နိုးပါတယ်ဆိုတဲ့ ဖခင်တစ်ယောက် ကိုယ်တိုင်က မိမိရဲ့ အိမ်တွင်းမှာတော့ အာဏာရှင်ဆန်ဆန် မိန်းမနဲ့ သားသမီးတွေအပေါ် ပြုမူလေ့ကြပြီး ဒါကို သူတို့ကိုယ်သူတို့ သတိမထားမိကြပါဘူး။

“ငါက အဖေပဲ” “ငါက အမေပဲ” စတဲ့ အတ္တစွဲပေါ် အခြေခံပြီး မိမိသားသမီးအပေါ် ကောင်းစေချင်၊ ဖြစ်စေချင်တာတွေကို ဖန်တီးတဲ့အခါ ကလေးတစ်ယောက်ကို ရွှံ့တုံးလိုမျိုး မိမိတို့အကြိုက် ပုံစံခွက်ထဲ ဆွဲသွင်းတတ်ပါတယ်။ သားသမီးတွေရဲ့ ဆန္ဒကို ဒီမိုကရေစီနည်းလမ်းကျကျ နားထောင်ပေးလေ့မရှိကြပါဘူး။ မိမိအဆင်မပြေကြောင်း အကြောင်းအရာ ခိုင်ခိုင်လုံလုံနဲ့ ငြင်းမိတဲ့သူဟာ အဆူခံရရုံသာရှိပြီး ရိုင်းတယ်လို့ တံဆိပ်ကပ်ခံရတတ်ပါတယ်။

လူကြီးကမှားခဲ့ရင်တောင် စေတနာအမှားမို့ သည်းခံရမယ် ပြန်မပြောသင့် ဆိုတဲ့ တလွဲ အတွေးအခေါ်ကို လက်ကိုင်ထားတဲ့ လူမှုပတ်ဝန်းကျင် (Social Culture)ကြောင့် လူငယ်တွေဟာ ကိုယ်မကြိုက်တာကို မကြိုက်ကြောင်း၊ မလုပ်နိုင်တာကို မလုပ်နိုင်ကြောင်း ပွင့်ပွင့်လင်းလင်း မပြောရဲဖြစ်ကုန်ပါတယ်။ Marketing သဘောအရဆိုရင် Customer ရဲ့ Feedback ကို လုံးဝဂရုမစိုက်သော Company နဲ့တူနေပြီး ကျရှုံးမယ့် ရာခိုင်နှုန်း အတော်လေး မြင့်မားပါတယ်။

အလားတူ ပညာသင်တဲ့ ကိစ္စမှာဆိုရင်လည်း မေးမြန်းတာမျိုး မရှိတော့ဘဲ Teaching ကို ထိုင်နားထောင်နေကြပြီး Self-Study မရှိသလောက်ဖြစ်နေလို့ Learning ပိုင်းမှာ တော်တော်လေး အားနည်းသွားပါတယ်။ ဆရာတွေက “ရှင်းလား” လို့ မေးလာတဲ့အခါ နားမလည်တာကို ထပြီး ရဲရဲဝံ့ဝံ့ မေးရဲသူက ရှားလှပါတယ်။ ဒါကြောင့် လုပ်ငန်းခွင်ဝင်ပြီး ဘွဲ့ရထားသူဖြစ်နေပါစေ အလုပ်ခွင် ဒါမှမဟုတ် သင်တန်းတွေမှာ လူအများရှေ့ Presentation လုပ်ဖို့ ကြောက်နေတတ်ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် “Right Time” “Right Place” ဆိုသလို လူမှန် နေရာမှန် မရှိဘဲ ဝါသနာမပါ စိတ်မဝင်စားတဲ့ ပညာရပ်တွေ၊ အလုပ်တွေကို လုပ်ကိုင်နေရတာဟာ တိုးတက်သင့်သလောက် မတိုးတက်လာဘဲ “Right Person” ဖြစ်မလာနိုင်စေတော့ပါဘူး။ နောက်ဆက်တွဲအနေနဲ့ လူငယ်တချို့ကို စိတ်ဓာတ်ကျ (Depression) ဖြစ်စေပြီး လမ်းလွဲလိုက်မိကြကာ ပျက်စီးတဲ့ဘက်ကို ရောက်သွားအောင် တွန်းပို့သလို့ ဖြစ်သွားတတ်ပါတယ်။ မိဘကို အရွဲ့တိုက်တတ်တဲ့ ကလေးတော်တော်များများဟာ လည်း သူတို့မိဘတွေရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေကို ငယ်စဉ်ကတည်းက ခံခဲ့ရလို့ ဒီလို ဖြစ်ကြတာများပါတယ်။

သားသမီးတွေဆိုတာ စက်ရုပ်တွေ မဟုတ်ကြသလို လူတိုင်းမှာ ခံစားချက်၊ ဝါသနာ၊ ကျွမ်းကျင်မှု၊ စိတ်ဝင်စားတဲ့အပိုင်း စသဖြင့် ရှိကြပါတယ်။ မိဘတွေအနေနဲ့ ဆုံးမ ပညာပေးတာနဲ့ ကောင်းတဲ့လမ်းကြောင်းတွေကို ပြပေးတာမျိုးသာလုပ်သင့်ပြီး ရွေးချယ်မှုအပိုင်းကိုတော့ သားသမီးတွေကို အခွင့်အရေး ပေးသင့်ပါတယ်။

ကိုယ်တိုင်ဝင်ရောက် ရွေးချယ်ပေးတာဟာ အတ္တဆန်ပြီး “ငါပြောတာအမှန် ငါလုပ်တာမှအမှန်” ဆိုတဲ့ သဘော ဖြစ်လို့ တခြားသူရဲ့ခံစားချက်ကို လစ်လျူရှုအလေးမထားရာ ရောက်ပါတယ်။ သီချင်းရေးဆရာတစ်ယောက်တည်းက ဖန်တီးတဲ့ သီချင်းတစ်ပုဒ်နဲ့ တစ်ပုဒ်တောင် မတူနိုင်တဲ့အတွက် မိဘနဲ့ သားသမီးဖြစ်နေစေကာမူ ကိုယ်ကြိုက်တိုင်း သူကြိုက်မယ်လို့ တစ်ထစ်ချ မတွေးထားသင့်ပါဘူး။

သားသမီးတွေက မိဘအပေါ်လေးစားရမယ်ဆိုရင် မိဘကလည်း သားသမီးအပေါ် အပြန်အလှန်လေးစားမှု (mutual respect) ထားရှိပေးသင့်ပါတယ်။ မိမိက မလေးစားဘဲ သူတစ်ပါးရဲ့ လေးစားမှုကို မျှော်လင့်နေတယ်ဆိုတာဟာ ပြန်ရဖို့ မသေချာတဲ့ ကိစ္စ ဖြစ်ပါတယ်။ ကိုယ်ပြုတဲ့ကံဟာ ကိုယ့်ဆီပြန်လာတတ်တယ်… သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုက ရှိနေတတ်ပါတယ်။

Cj (ရိုးရာလေး)

(Unicode)

ျမန္မာျပည္မွာ ကေလးတစ္ေယာက္ရဲ႕ ဘဝအတြက္ လြတ္လပ္ခြင့္ကို ဦးဦးဖ်ားဖ်ား ခ်ိဳးေဖာက္ေနၾကသူေတြက သူတို႔ရဲ႕ မိဘေတြကိုယ္တိုင္ပဲ ျဖစ္ေနတတ္ၾကပါတယ္။အမ်ားစုဟာ အာဏာရွင္စနစ္ေအာက္မွာ ထုသားေပသား က်ေနခဲ့တာမို႔ ဒီမိုကေရစီစနစ္ကို ခ်စ္ျမတ္ႏိုးပါတယ္ဆိုတဲ့ ဖခင္တစ္ေယာက္ ကိုယ္တိုင္က မိမိရဲ႕ အိမ္တြင္းမွာေတာ့ အာဏာရွင္ဆန္ဆန္ မိန္းမနဲ႔ သားသမီးေတြအေပၚ ျပဳမူေလ့ၾကၿပီး ဒါကို သူတို႔ကိုယ္သူတို႔ သတိမထားမိၾကပါဘူး။

“ငါက အေဖပဲ” “ငါက အေမပဲ” စတဲ့ အတၱစြဲေပၚ အေျခခံၿပီး မိမိသားသမီးအေပၚ ေကာင္းေစခ်င္၊ ျဖစ္ေစခ်င္တာေတြကို ဖန္တီးတဲ့အခါ ကေလးတစ္ေယာက္ကို ႐ႊံ႕တုံးလိုမ်ိဳး မိမိတို႔အႀကိဳက္ ပုံစံခြက္ထဲ ဆြဲသြင္းတတ္ပါတယ္။ သားသမီးေတြရဲ႕ ဆႏၵကို ဒီမိုကေရစီနည္းလမ္းက်က် နားေထာင္ေပးေလ့မရွိၾကပါဘူး။ မိမိအဆင္မေျပေၾကာင္း အေၾကာင္းအရာ ခိုင္ခိုင္လုံလုံနဲ႔ ျငင္းမိတဲ့သူဟာ အဆူခံရ႐ုံသာရွိၿပီး ႐ိုင္းတယ္လို႔ တံဆိပ္ကပ္ခံရတတ္ပါတယ္။

လူႀကီးကမွားခဲ့ရင္ေတာင္ ေစတနာအမွားမို႔ သည္းခံရမယ္ ျပန္မေျပာသင့္ ဆိုတဲ့ တလြဲ အေတြးအေခၚကို လက္ကိုင္ထားတဲ့ လူမႈပတ္ဝန္းက်င္ (Social Culture)ေၾကာင့္ လူငယ္ေတြဟာ ကိုယ္မႀကိဳက္တာကို မႀကိဳက္ေၾကာင္း၊ မလုပ္ႏိုင္တာကို မလုပ္ႏိုင္ေၾကာင္း ပြင့္ပြင့္လင္းလင္း မေျပာရဲျဖစ္ကုန္ပါတယ္။ Marketing သေဘာအရဆိုရင္ Customer ရဲ႕ Feedback ကို လုံးဝဂ႐ုမစိုက္ေသာ Company နဲ႔တူေနၿပီး က်ရႈံးမယ့္ ရာခိုင္ႏႈန္း အေတာ္ေလး ျမင့္မားပါတယ္။

အလားတူ ပညာသင္တဲ့ ကိစၥမွာဆိုရင္လည္း ေမးျမန္းတာမ်ိဳး မရွိေတာ့ဘဲ Teaching ကို ထိုင္နားေထာင္ေနၾကၿပီး Self-Study မရွိသေလာက္ျဖစ္ေနလို႔ Learning ပိုင္းမွာ ေတာ္ေတာ္ေလး အားနည္းသြားပါတယ္။ ဆရာေတြက “ရွင္းလား” လို႔ ေမးလာတဲ့အခါ နားမလည္တာကို ထၿပီး ရဲရဲဝံ့ဝံ့ ေမးရဲသူက ရွားလွပါတယ္။ ဒါေၾကာင့္ လုပ္ငန္းခြင္ဝင္ၿပီး ဘြဲ႕ရထားသူျဖစ္ေနပါေစ အလုပ္ခြင္ ဒါမွမဟုတ္ သင္တန္းေတြမွာ လူအမ်ားေရွ႕ Presentation လုပ္ဖို႔ ေၾကာက္ေနတတ္ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ “Right Time” “Right Place” ဆိုသလို လူမွန္ ေနရာမွန္ မရွိဘဲ ဝါသနာမပါ စိတ္မဝင္စားတဲ့ ပညာရပ္ေတြ၊ အလုပ္ေတြကို လုပ္ကိုင္ေနရတာဟာ တိုးတက္သင့္သေလာက္ မတိုးတက္လာဘဲ “Right Person” ျဖစ္မလာႏိုင္ေစေတာ့ပါဘူး။ ေနာက္ဆက္တြဲအေနနဲ႔ လူငယ္တခ်ိဳ႕ကို စိတ္ဓာတ္က် (Depression) ျဖစ္ေစၿပီး လမ္းလြဲလိုက္မိၾကကာ ပ်က္စီးတဲ့ဘက္ကို ေရာက္သြားေအာင္ တြန္းပို႔သလို႔ ျဖစ္သြားတတ္ပါတယ္။ မိဘကို အ႐ြဲ႕တိုက္တတ္တဲ့ ကေလးေတာ္ေတာ္မ်ားမ်ားဟာ လည္း သူတို႔မိဘေတြရဲ႕ ညံ့ဖ်င္းတဲ့ စီမံခန႔္ခြဲ အုပ္ခ်ဳပ္မႈေတြကို ငယ္စဥ္ကတည္းက ခံခဲ့ရလို႔ ဒီလို ျဖစ္ၾကတာမ်ားပါတယ္။

သားသမီးေတြဆိုတာ စက္႐ုပ္ေတြ မဟုတ္ၾကသလို လူတိုင္းမွာ ခံစားခ်က္၊ ဝါသနာ၊ ကြၽမ္းက်င္မႈ၊ စိတ္ဝင္စားတဲ့အပိုင္း စသျဖင့္ ရွိၾကပါတယ္။ မိဘေတြအေနနဲ႔ ဆုံးမ ပညာေပးတာနဲ႔ ေကာင္းတဲ့လမ္းေၾကာင္းေတြကို ျပေပးတာမ်ိဳးသာလုပ္သင့္ၿပီး ေ႐ြးခ်ယ္မႈအပိုင္းကိုေတာ့ သားသမီးေတြကို အခြင့္အေရး ေပးသင့္ပါတယ္။ ကိုယ္တိုင္ဝင္ေရာက္ ေ႐ြးခ်ယ္ေပးတာဟာ အတၱဆန္ၿပီး “ငါေျပာတာအမွန္ ငါလုပ္တာမွအမွန္” ဆိုတဲ့ သေဘာ ျဖစ္လို႔ တျခားသူရဲ႕ခံစားခ်က္ကို လစ္လ်ဴရႈအေလးမထားရာ ေရာက္ပါတယ္။ သီခ်င္းေရးဆရာတစ္ေယာက္တည္းက ဖန္တီးတဲ့ သီခ်င္းတစ္ပုဒ္နဲ႔ တစ္ပုဒ္ေတာင္ မတူႏိုင္တဲ့အတြက္ မိဘနဲ႔ သားသမီးျဖစ္ေနေစကာမူ ကိုယ္ႀကိဳက္တိုင္း သူႀကိဳက္မယ္လို႔ တစ္ထစ္ခ် မေတြးထားသင့္ပါဘူး။

သားသမီးေတြက မိဘအေပၚေလးစားရမယ္ဆိုရင္ မိဘကလည္း သားသမီးအေပၚ အျပန္အလွန္ေလးစားမႈ (mutual respect) ထားရွိေပးသင့္ပါတယ္။ မိမိက မေလးစားဘဲ သူတစ္ပါးရဲ႕ ေလးစားမႈကို ေမွ်ာ္လင့္ေနတယ္ဆိုတာဟာ ျပန္ရဖို႔ မေသခ်ာတဲ့ ကိစၥ ျဖစ္ပါတယ္။ ကိုယ္ျပဳတဲ့ကံဟာ ကိုယ့္ဆီျပန္လာတတ္တယ္… သက္ေရာက္မႈတိုင္းမွာ တန္ျပန္သက္ေရာက္မႈက ရွိေနတတ္ပါတယ္။

Cj (႐ိုးရာေလး)

(Zawgyi)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top