ဆွစ်ဇာလန်နိုင်ငံရဲ့ ရေဆိုးစွန့်မြောင်းများမှ ဒေါ်လာ ၂ သန်းတန်ဖိုးရှိ ရွှေများတွေ့ရှိခဲ့

gold_jpg.jpg.size_.custom.crop_.1086x725.jpg

နှစ်စဉ်နှစ်တိုင်း ဆွစ်ဇာလန်နိုင်ငံရဲ့ ရေဆိုးမြောင်းများမှာ ရွှေ ၉၅ ပေါင်ခန့်ကို တွေ့ရတယ် လို့ ဆွစ်ဇာလန်နိုင်ငံရှိ Swiss Federal Institute of Aquatic Science and Technology  တက္ကသိုလ်မှ ထုတ်ပြန်ခဲ့ပါတယ်။

ဒီရွှေတွေရဲ့ ယနေ့ခေတ် ပေါက်ဈေးဟာ ဒေါ်လာ ၂ သန်းဖိုးလောက် တန်ကြေးရှိပြီး လေ့လာသူတွေကတော့ ဒီရွှေမှုန်များဟာ နိုင်ငံရဲ့ နာမည်ကျော် နာရီစက်ရုံများနဲ့ ရွှေပန်းထိမ်လုပ်ငန်းများမှ ရွှေစများ ရေဆိုးပိုက်ထဲကို ရောက်လာတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒီလေ့လာချက်ကို ဆွစ်ဇာလန်နိုင်ငံ ပတ်ဝန်းကျင်ဝန်ကြီးဌာန ဦးဆောင်မှုနဲ့လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံတစ်လျှောက် ရေဆိုးသန့်စင် ၆၄ ခုမှာ လေ့လာခဲ့တာ ဖြစ်ပါတယ်။ ရွှေပန်းထိမ်လုပ်ငန်း အများဆုံးရှိတဲ့ ဆွစ်ဇာလန်နိုင်ငံ တောင်ဘက်ပိုင်းက ရေဆိုး စွန့်ပစ်စက်ရုံတွေမှာတော့ ရွှေစများကို အများဆုံးတွေ့ရှိခဲ့ရပါတယ်။

လေ့လာသူတွေကတော့ ရေဆိုးမြောင်းတွေမှာ ရွှေရှာတာဟာ အကျိုးရှိတဲ့ လုပ်ရပ်တစ်ခုပါလို့ ရေးသားခဲ့ပါတယ်။

ဆွစ်ဇာလန်ရဲ့ ရေဆိုးမြောင်းတွေထဲမှာ ရွှေအပြင်နောက်ထပ် ငွေများနဲ့ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရှားပါးသတ္တုများကိုပါ တွေ့ရှိခဲ့ရပါသေးတယ်။ အလေးချိန် ပေါင် ၆၅၀၀ ခန့်ရှိတဲ့ ငွေတွေ (ကာလတန်ကြေးနဲ့ဆို ဒေါ်လာ ၁.၈ သန်းခန့်ရှိပြီး) ဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ရေဆိုးမြောင်းများမှာ နှစ်တိုင်းနှစ်တိုင်း ပါဝင်နေပါတယ်။

ဆွစ်ဇာလန်နိုင်ငံဟာ ကမ္ဘာ့ ရွှေသန့်စင်ရေး အချက်အခြာနေရာတစ်ခုဖြစ်ပြီး ကမ္ဘာ့ရွှေ ၇၀ ရာခိုင်နှုန်းဟာ ဆွစ်ဇာလန်နိုင်ငံရဲ့ ရွှေသန့်စင်ရေးစက်ရုံတွေမှ ထွက်ရှိတာ ဖြစ်ပါတယ်။

Ref : CNN News : Scientists find gold worth $2 million in Swiss sewage

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply