ဘယ်လ်ဂျီယံမှာ တစ်ရွာလုံးထီပေါက်လို့ တစ်ဦးကို ဒေါ်လာ ၉ သိန်းကျော်စီ ရရှိ

13-12-2022-yyl-19.jpg

ပြီးခဲ့တဲ့တစ်ပတ်က ဘယ်လ်ဂျီယံနိုင်ငံ အန်တွပ်မြို့အနီးက အိုလ်မန်ဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်သူအားလုံး ထီပေါက်ခဲ့ကြပါတယ်။ ရွာထဲက စတိုးဆိုင်ပိုင်ရှင် ဘရိုကိုဗန်ရဲ့ စီစဉ်မှုနဲ့အတူ တစ်ရွာလုံးက ဒေါ်လာ ၂၀ စီစပ်ပြီး ထီထိုးခဲ့ရာမှာ ဒေါ်လာသန်း ၁၅၀ ဆုကြေး Euromillions ထီပေါက်ခဲ့တာပါ။ အဲဒီအတွက် ရွာထဲမှာ နေထိုင်သူတစ်ဦးစီဟာ အခွန်လွတ် ဒေါ်လာ ၉၁၅၀၀၀ စီ ရရှိမှာပါ။

ဘယ်လ်ဂျီယံနိုင်ငံမှာ အခုလို အဖွဲ့လိုက် ထီဆုကြီးပေါက်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ EuroMillions ထီဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗာမိုရီက ပြောပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top