ကပ်ရောဂါကာလအတွင်း ကင်ညာဥယျာဉ်မှာ ဆင်သားပေါက် ၁၄၀ မွေးဖွား၊ ၂ မြွှာပူး ၂ ကြိမ် ပါဝင်

12-8-2020-yyl-010.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ တစ်ကမ္ဘာလုံး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး စတဲ့ ဘက်ပေါင်းစုံ ကျဆင်းမှုတွေ ကြုံခဲ့ရပေမဲ့ သားရဲတိရစ္ဆာန်တွေအပေါ် လူသားတွေရဲ့ နှောင့်ယှက်လွှမ်းမိုးမှု ကျဆင်းခဲ့လို့ သားရဲတိရစ္ဆာန်တွေ ပေါက်ဖွားမှုနှုန်း မြင့်တက်လာခဲ့ပါတယ်။ ကင်ညာနိုင်ငံ အမ်ဘိုဆီလီအမျိုးသားဥယျာဉ်မှာတော့ ကပ်ရောဂါကာလအတွင်း ဆင်သားပေါက် အကောင်ရေ ၁၄၀ ပေါက်ဖွားခဲ့ပါတယ်။

ထူးထူးခြားခြား ၂ မြွှာပူး မွေးဖွားမှု ၂ ကြိမ် ရှိခဲ့ပါတယ်။ ဆင်တွေဟာ ၂ မြွှာပူး မွေးဖွားနိုင်ခြေ ၁ ရာခိုင်နှုန်းအောက်ပဲ ရှိပြီး ၂ ကောင်လုံး အသက်ရှင်ဖို့ကတော့ အဲဒီရာခိုင်နှုန်း ပိုနည်းပါတယ်။ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် ခရီးသည်တွေ မလာရောက်တာ၊ မိုးရွာသွန်းတာ စတဲ့ အခြေအနေတွေကြောင့် ဆင်သားပေါက် မွေးဖွားမှုနှုန်း မြင့်တက်လာခဲ့တာလို့ ဆင်ကာကွယ်စောင့်ရှောက်ရေးရှေ့ဆောင်ဖောင်ဒေးရှင်းရဲ့ ဒေါက်တာဝင်နီကီရူက ပြောပါတယ်။

Ref: BBC ” Elephant baby boom in Kenya’s Amboseli Park”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top