ပလတ်စတစ်အိတ်တွေကနေ ဖျာ ပြန်လည်ရက်လုပ်လျက်ရှိတဲ့ ဆယ်ကျော်သက်များ

5.4.24-yyl-2.jpg

ဆယ်ကျော်သက်လေးတစ်စုဟာ စွန့်ပစ်ပလတ်စတစ်အိတ်တွေကို အိမ်ရာမဲ့တွေအတွက် ဖျာတွေ ထုတ်လုပ်ပေးလျက် ရှိပါတယ်။ Teens Give Back SATX အဖွဲ့က ဦးဆောင်ပြီး တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့မှ အိမ်ရာမဲ့တွေအတွက် စွန့်ပစ်ပလတ်စတစ်အိတ်တွေကနေ ဖျာတွေ ပြန်လည်ထုတ်လုပ်ပေးခဲ့တာပါ။

ဖျာတစ်ချပ် ရက်ဖို့အတွက် ပလတ်စတစ်အိတ် ၇၀၀ ကနေ ၉၀၀ ကြား လိုအပ်ပြီး ၁၅ နာရီကနေ နာရီ ၂၀ ကြား အချိန်ယူရတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်း Teens Give Back SATX အဖွဲ့က အိမ်ရာမဲ့တွေအတွက် ဖျာအချပ်ရေ ၅၀ ရက်လုပ်ပေးနိုင်ခဲ့ပါတယ်။

Ref:Teenagers Are Transforming Trash Into Lifesaving Mats For The Homeless

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top