အဲလ်ဗစ် ပရက်စလေရဲ့သီချင်းကို ချစ်စဖွယ်သီဆိုပြခဲ့တဲ့ (၂) နှစ်သားကလေးငယ်

Elvis-ht-er-190806_hpMain_16x9_992.jpg

တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့တဲ့ အမေရိကန်အဆိုတော်နဲ့ သရုပ်ဆောင် အဲလ်ဗစ် ပရက်စလေ (Elvis Presley) ကို မသိတဲ့သူမရှိသလောက်ပါပဲ။ ကြွေလွင့်သွားခဲ့ပြီဖြစ်ပေမယ့် ပရိသတ်တွေက သူ့ကို အမှတ်ရေနေကြပါတယ်။

အမေရိကန်က အသက် (၂) နှစ်အရွယ်ကလေးလေးကတောင် သူ့ရဲ့သီချင်းကိုလိုက်ဆိုနိုင်ပါတယ်။ ဒန်နီရယ်ဆိုတဲ့ အဲ့ဒီကလေးလေးက စတီဗင် ကွန်ဗာစ် (Steven Converse) နဲ့ ဂျီယွန်း ဂျွန် (Jiyeon Jun) တို့ရဲ့သားလေးဖြစ်ပြီး စကားပြောတတ်ဖို့ သင်ယူနေတုန်းဖြစ်ပါတယ်။ သူဟာ အဲလ်ဗစ် ပရက်စလေရဲ့ သီချင်းကို စဆိုခဲ့တဲ့အခါမှာ သူ့ရဲ့မိဘတွေက သူ့ရဲ့ပင်ကိုယ်စွမ်းရည်ကြောင့် အံ့အားသင့်ခဲ့ရပါတယ်။

အဲဒီ (၂) နှစ်သားလေးက အဲလ်ဗစ်ရဲ့ နာမည်ကြီးသီချင်း “Can’t Help Falling in Love”ရဲ့ စာသားနဲ့ သံစဉ်တွေကို မှတ်နိုင်ခဲ့ပါတယ်။ “သူက သီချင်းဆိုတာနဲ့ပတ်သက်ပြီး အမြဲရှက်တတ်ပါတယ်။ ဒါပေမဲ့လို့ ဒါက သူတကယ်ကို ရွေးချယ်ခဲ့တဲ့သီချင်းတစ်ပုဒ်ပါပဲ။ ကျွန်တော်တို့ကို အံ့သြစေခဲ့ပါတယ်” လို့ သူ့ရဲ့အဖေက ပြောပါတယ်။

နောက်တစ်နေ့မှာတော့ ကွန်ဗာစ်က သူ့အိမ်ရဲ့ဂီတအခန်းလေးမှာ သူ့သားလေးကို အသံသွင်းခဲ့ပါတယ်။ “ကျွန်တော် မိသားစုအမှတ်တရအဖြစ် မှတ်တမ်းတင်ထားချင်တာကြောင့် ကင်မရာနဲ့ ရိုက်ထားခဲ့ပါတယ်” လို့ ဆိုပါတယ်။ ကွန်ဗာစ်က သူ့သားအတွက် ဂစ်တာတီးပေးခဲ့ပြီး ဒန်နီရယ်က အဲလ်ဗစ်ရဲ့သီချင်းကို စိတ်အားထက်သန်စွာနဲ့ သီဆိုခဲ့တာပါ။

“စာသားတွေကို မှတ်သားပြီး သူကိုယ်တိုင်သီဆိုတာကို ကြားရတာ ကျွန်တော်တို့အတွက် တကယ့်အမှတ်တရပါပဲ” လို့ ကွန်ဗာစ်က ပြောပါတယ်။ ဇူလိုင်လမှာ ရိုက်ထားတဲ့ဗီဒီယိုလေးကို ဖေ့စ်ဘွတ်ခ်နဲ့ YouTube တွေမှာ တင်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ကြည့်ရှုသူ (၂၇၅၀၀၀) နဲ့ အွန်လိုင်းမှာ နာမည်ကြီးသွားခဲ့ပါတယ်။

ဒန်နီရယ်လေးက သူ့ဖခင်ရဲ့ ဂီတစွမ်းရည်ကို အမွေဆက်ခံတဲ့ပုံပါပဲ။ ဒါပေမဲ့ ကွန်ဗာစ်ကတော့ သူ့သားလေးကို ဟိုဟာလုပ်ပါ၊ ဒီဟာလုပ့်ပါဆိုပြီး မတိုက်တွန်းချင်ကြောင်းနဲ့ သူ စိတ်ဝင်စားတဲ့အရာကို လုပ်မယ်ဆိုရင် ပံ့ပိုးအားပေးမှာဖြစ်ကြောင်း ပြောပါတယ်။

ဗီဒီယိုကြည့်ရှုရန် – http://tiny.cc/kv1waz

Ref: ABCNews “This 2-year-old boy singing Elvis is the cutest thing you’ll see today”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။
scroll to top