တောနက်ထဲ ၅ ရက်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်ကလေးကို အသက်ရှင်လျက် ပြန်တွေ့

27.8.2024-yyl-3.jpg

တောနက်ထဲမှာ ၅ ရက်ကြာ ပျောက်ဆုံးသွားတဲ့ ၅ နှစ်အရွယ် ဗီယက်နမ်ကလေးငယ်ကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ဒန်တီယန်လမ်ဟာ မောင်နှမတွေနဲ့အတူ ချောက်တစ်ခုထဲမှာ ကစားရင်း တောင်ကုန်းတစ်ခုပေါ် တက်သွားခဲ့တာပါ။ အဲဒီနောက်မှာ မျက်စိလည်ပြီး လမ်းပျောက်သွားခဲ့ပါတယ်။ အပူပိုင်း မိုးသစ်တောတွေဟာ လမ်းပျောက်ဖို့ လွယ်ကူပြီး ဒန်တီယန်လမ်ဟာလည်း တောထဲမှာ တဝဲလည်လည် ဖြစ်နေခဲ့တာပါ။

ရဲတပ်ဖွဲ့၊ စစ်သည်နဲ့ လုပ်အားပေး ၁၅၀ ပါဝင်တဲ့အဖွဲ့က ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း ယန်ဘေးပြည်နယ်က တောင်တွေပေါ်မှာ ရှာဖွေရေးလုပ်ခဲ့ကြပါတယ်။ ၅ ရက်မြောက်နေ့မှာတော့ လယ်သမားတစ်ဦးက ပီလောပီနံ ချုံပုတ်ထဲမှာ ဒန်တီယန်လမ်ကို ရှာတွေ့ခဲ့တာပါ။ သူ့ကို ရှာတွေ့ချိန်မှာ ဒန်တီယန်လမ်ရဲ့အဝတ်အစားတွေက ဖုန်အလိမ်းလိမ်း ဖြစ်နေပြီး မတ်တတ်ရပ်ဖို့ အားမရှိအောင် ဖြစ်နေပြီလို့ လယ်သမားဖြစ်သူ လီဗန်နန်က ဆိုပါတယ်။

ဒန်တီယန်လမ်ဟာ တောထဲက သစ်သီးသစ်ရွက်တွေနဲ့ စမ်းချောင်းထဲက ရေကိုသောက်ပြီး အသက်ရှင်ခဲ့တာပါ။ သူ့ကို အသက်ရှင်လျက် ပြန်တွေ့ခဲ့လို့ ဝမ်းသာနေကြပြီး ဒါဟာ အံ့ဘွယ်ဖြစ်ရပ်တစ်ခုလို့ ဆိုကြပါတယ်။ ဗီယက်နမ်နိုင်ငံဟာ သစ်တောထူထပ်ပြီး ယမ်ဘေးပြည်နယ်ကလည်း သစ်တောအလွန်ထူထပ်တဲ့နေရာ ဖြစ်ပါတယ်။

Ref:6-Year-old Boy Found in the Forest After 150 Searched for Five Days
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply