ဆောင်ရန်၊ရှောင်ရန် အချက်တွေပါဝင်တဲ့ နှစ်ဦးသဘောတူမင်္ဂလာစာချုပ်ကို ချုပ်ဆိုခဲ့ကြတဲ့ သတို့သားနဲ့သတို့သမီး

15-7-2022-19.jpg

စာချုပ်မှာ လက်မှတ်ရေးထိုးနေတဲ့ သတို့သားနဲ့သတို့သမီး

အိန္ဒိယနိုင်ငံက သတို့သား မင်တူနဲ့ သတို့သမီး ရှန်တီတို့ဟာ သူတို့ မင်္ဂလာဆောင်တဲ့နေ့မှာ ဆောင်ရန်၊ ရှောင်ရန်အချက်တွေပါတဲ့ မင်္ဂလာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြပါတယ်။

အဲဒီစာချုပ်ထဲမှာ “တစ်လကို ပီဇာ တစ်ကြိမ်ပဲ စားရမယ်၊ အိန္ဒိယရိုးရာအစားအစာ Ghar Ka Khana ကို စားဖို့ ဘယ်တော့မှ မငြင်းရဘူး၊ ဆာရီကို နေ့တိုင်း ဝတ်ရမယ်၊ ညဘက်ပါတီပွဲနောက်ကျတဲ့အထိသွားတာခွင့်ပြုတယ်..ဒါပေမဲ့ အတူတူသွားရမယ်၊ Gym ကို နေ့တိုင်းသွားရမယ်၊ တနင်္ဂနွေနေ့ မနက်စာ tum banaogay စားရမယ်၊ ပါတီတိုင်း ပုံကောင်းကောင်းရိုက်ပေးရမယ်၊ (၁၅) ရက်တိုင်း ရှော့ပင်းထွက်မယ်” ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

“စာချုပ်”ဆိုတဲ့ စာလုံးကြီးနဲ့ဆောင်ရန်၊ရှောင်ရန်အချက်တွေပါတဲ့ ကတ်ထူစာရွက်ကြီးပေါ်မှာ သတို့သားနဲ့သတို့သမီး လက်မှတ်ရေးထိုးနေတာကို ဓာတ်ပုံထဲမှာ မြင်တွေ့ရပါတယ်။ သတို့သား၊ သတို့သမီးရဲ့အသိသက်သေတွေကလည်း အဲဒီစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ရပါတယ်။

သတို့သားနဲ့သတို့သမီးတို့ နှစ်ဦးသဘောတူချုပ်ဆိုခဲ့တဲ့ စာချုပ်

အဲဒီစာချုပ်ရဲ့ထောင့်တွေမှာ မင်္ဂလာပွဲလို အပြင်အဆင်မျိုးနဲ့ အပြာရောင်ပန်းပွင့်လေးတွေ ရိုက်နှိပ်ထားပြီး အလှဆင်ထားပါတယ်။ သတို့သမီးက စာချုပ်ကို ဖန်တီးခဲ့တာလို့ ဆိုထားပေမဲ့ သတို့သားပါ သဘောတူတဲ့အတွက် ပြုံးပျော်ရွှင်ခဲ့ပါတယ်။

ဒီလိုစာချုပ်မျိုးက လက်ထပ်စာချုပ်အဖြစ် ဥပဒေအရ သတ်မှတ်မထားတဲ့အတွက် တရားမဝင်ပေမဲ့ မင်တူနဲ့ ရှန်တီတို့ကတော့ အစားအသောက်၊ နေထိုင်မှုပုံစံနဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး သူတို့နှစ်ဦးကြား သဘောတူညီချက်တစ်ခုအနေနဲ့ အဲဒီစာချုပ်ကို ချုပ်ဆိုခဲ့ပုံရပါတယ်။

မင်တူနဲ့ရှန်တီတို့ဟာ ဇူလိုင် ၉ ရက်နေ့က အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ လက်ထပ်ထိမ်းမြားခဲ့ကြတာပါ။

Ref: TheMirror “Bride and groom sign bizarre wedding contract including monthly pizza and daily gym”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top