အိန္ဒိယရဲ့ဘရက်ပစ်အဖြစ် သတ်မှတ်ခံလိုက်ရတဲ့ ဘိုင်ရာဗာမင်းသား ရာမ်ချာရန်

3.3.2023-yyl-iamge-1.jpg

ဘိုင်ရာဗာမင်းသားလို့ မြန်မာပရိသတ်တွေ သိထားကြတဲ့ အိန္ဒိယမင်းသား ရာမ်ချာရန်ဟာ လော့စ်အိန်ဂျယ်လိစ်မြို့ကို ရောက်ရှိနေပြီး အဲ့ဒီမှာ မီဒီယာတွေနဲ့ တွေ့ဆုံနေပါတယ်။ အမေရိကန်သတင်းဌာန KTLA Entertainment ရဲ့အစီအစဉ်မှာ ပါဝင်စဉ်အတွင်း အစီအစဉ်တင်ဆက်သူက ရာမ်ချာရန်ကို အိန္ဒိယရဲ့ဘရက်ပစ်အဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူက “သူ့ကို အိန္ဒိယရဲ့ဘရက်ပစ်အဖြစ် သတ်မှတ်ထားပါတယ်”လို့ ရာမ်ချာရန်ကို မိတ်ဆက်ပေးရင်း “ဒီလိုသတ်မှတ်ထားတာကို နှစ်သက်ရဲ့လား”လို့ သူ့ကိုမေးတော့ “ကျွန်တော် သေချာပေါက် ဘရက်ပစ်ကို နှစ်သက်တယ်လို့ ဆိုလိုချင်ပါတယ်”တဲ့။

ရာမ်ချာရန်ကို လော့စ်အိန်ဂျယ်လိစ်မြို့ဆီ အလုပ်အတွက် ရောက်ရှိနေတာပါ။ မတ်လ ၁ ရက်နေ့မနက်ခင်းက ရာမ်ချာရန်ဟာ သူ့ရဲ့အင်စတာဂရမ်မှာ KTLA entertainment ရဲ့အစီအစဉ်က ဓာတ်ပုံတွေကို တင်ခဲ့ပြီး သူ ပါဝင်ခွင့်ရတဲ့အတွက် KTLA entertainment ကို ကျေးဇူးတင်ခဲ့တဲ့အပြင် မတ်လ ၃ ရက်နေ့ကစပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ရုပ်ရှင်ရုံတွေမှာ RRR ရုပ်ရှင်ကား ပြန်လည်ပြသမှာဖြစ်တဲ့အတွက် ထပ်ပြီး လက်မလွှတ်တမ်းကြည့်ကြဖို့လည်း ပြောခဲ့ပါတယ်။ မင်းသားက Good Morning America မှာလည်း ပါဝင်ထားပါတယ်။

မကြာသေးခင်ကမှ Hollywood Critics Association Awards ဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။ သူက RRR ရုပ်ရှင်ကားဒါရိုက်တာ အက်စ်အက်စ်ရာဂျမိုလီနဲ့အတူ ဆုပေးပွဲကို တက်ရောက်ခဲ့တာပါ။ အဲ့ဒီဆုပေးပွဲမှာ RRR ရုပ်ရှင်ကားက အကောင်းဆုံးနိုင်ငံတကာရုပ်ရှင်ဆုနဲ့ အခြားဆုကြီး ၃ ဆုကို ရရှိခဲ့ပါတယ်။ ရာမ်ချာရန်ကလည်း ဆုပေးပွဲမှာ ဆုတစ်ဆုကို ချီးမြှင့်ပေးခဲ့ပါတယ်။

အခုနှစ်အစောပိုင်းကလည်း ရာမ်ချာရန်က တွဲဖက်သရုပ်ဆောင် Jr NTR ၊ ဒါရိုက်တာ အက်စ်အက်စ်ရာဂျာမိုလီနဲ့အတူ Golden Globe Awards ဆုပေးပွဲကိုလည်း တက်ရောက်ခဲ့ပါသေးတယ်။ အဲ့ဒီဆုပေးပွဲမှာ RRR ရုပ်ရှင်ကားရဲ့ Naatu Naatu သီချင်းက အကောင်းဆုံးမူရင်းသီချင်းဆုကို ဆွတ်ခူးခဲ့ပါတယ်။ ဒီရုပ်ရှင်ကားက Critics Choice Awards ဆုပေးပွဲမှာ ဆုကြီးကြီးမားရရှိခဲ့ပါတယ်။ အခုလမှာလည်း မင်းသားရာမ်ချာရန်က အော်စကာဆုပေးပွဲကို တက်ရောက်မှာဖြစ်ပြီး အဲ့ဒီမှာ အကောင်းဆုံးမူရင်းသီချင်းအမျိုးအစားအဖြစ် ဆန်ခါတင်စာရင်းဝင်ထားတဲ့ RRR ဇာတ်ကားရဲ့ဇာတ်ဝင်သီချင်း Naatu Naatu ကို ဖျော်ဖြေတင်ဆက်သွားမှာပါ။

Ref: Ram Charan Was Described As “Brad Pitt Of India” On US TV. His Reaction

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top