၆၅ နှစ်အရွယ် မြို့တော်ဝန်က ၁၆ နှစ်သမီးနဲ့ လက်ထပ်ပြီး ယောက္ခမကို အတွင်းဝန်ရာထူး ခန့်

28.4.2023-yyl-iamge-22.jpg

ဘရာဇီးနိုင်ငံတောင်ပိုင်း အရူကာရီယာမြို့မှာ အသက် ၆၅ နှစ်အရွယ် မြို့တော်ဝန် ဒီဟိုင်နီက ၁၆ နှစ်အရွယ် အမျိုးသမီးငယ်နဲ့ လက်ထပ်ခဲ့ပြီး နောက်တစ်ရက်အကြာမှာပဲ သူ့ရဲ့ယောက္ခမကို အရူကာရီယာမြို့ ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဌာန အတွင်းဝန်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဘရာဇီးနိုင်ငံမှာ တရားဝင် လက်ထပ်ခွင့်ရတဲ့ အသက်အရွယ်ဖြစ်တဲ့ အသက် ၁၆ နှစ်ပြည့်ပြီး တစ်ရက်အကြာမှာပဲ ဒီဟိုင်နီက မိန်းကလေးနဲ့ လက်ထပ်ခဲ့တာပါ။ မိန်းကလေးက အရူကာရီယာမြို့ရဲ့ အလှဆုံးစာရင်းဝင်သူတစ်ယောက် ဖြစ်ပါတယ်။

မိန်းကလေးရဲ့မိခင်ဟာ ယခင်ကတည်းက ပညာရေးဝန်ကြီးဌာနရဲ့ အရာရှိတစ်ဦးဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီရာထူးဟာ အတွင်းဝန်ရာထူးနဲ့ယှဉ်ရင် လုပ်ပိုင်ခွင့်ရော၊ လစာရော နည်းပါတယ်။ အငြင်းပွားစရာကောင်းတဲ့ ဒီလုပ်ရပ်ဟာ အကျင့်ပျက်ခြစားမှုနဲ့ ဆွေမျိုးကောင်းစားရေး အရာမြောက်တယ်လို့ ဘရာဇီးနိုင်ငံသားတွေက စွပ်စွဲခဲ့ကြပါတယ်။

Ref: 65-Year-Old Mayor Marries 16-Year-Old Girl, Immediately Appoints Her Mother in Office

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply