ဖုန်းမျက်နှာပြင်ရဲ့အလင်းကို အမြင့်ဆုံးထားမိလို့ မျက်ကြည်လွှာမှာ အပေါက် (၅၀၀) ဖြစ်သွားတဲ့ အမျိုးသမီး

phone1.jpg

ထိုင်ဝမ်မှ အသက် (၂၅) နှစ်အရွယ် အတွင်းရေမှူးမလေးချန်း (Chen) က ဖုန်းသုံးတဲ့အခါ အလင်း (brightness) ကို အဆုံးထိ တင်ထားလေ့ ရှိပါတယ်။ ဒီလိုမျိုးကြည့်လာတာ (၂) နှစ် ကျော်သွားချိန်မှာတော့ အမြင်အာရုံ ဝေဝါးလာခြင်း ၊ မျက်လုံးနာကျင်ခြင်းနဲ့ မျက်ရည်ယိုမှု ခံစားရတာကြောင့် မျက်စိဆရာဝန်နဲ့ ပြသခဲ့ပါတယ်။

ဖူရင်းတက္ကသိုလ်ဆေးရုံမှ ဒေါက်တာ ဟောင် (Hong) ရဲ့ ပြောကြားချက်အရ ချန်းက နေ့စဉ်ရက်ဆက် အလင်းလှိုင်းယူနစ် (၆၀၀) ကျော်လောက်နဲ့ ထိတွေ့မှုရှိတယ်လို့ သိရပါတယ်။ လူတစ်ယောက်ရဲ့ မျက်လုံးက ခံနိုင်ရည်ရှိတဲ့ နေ့စဉ်သတ်မှတ် ယူနစ်က (၃၀၀) ဆိုပေမဲ့ ချန်းကတော့ ပုံမှန်ထက် (၃၀၀) ပိုများနေတာပါ။

ဒါကြောင့် ချန်းရဲ့မျက်ကြည်လွှာမှာ အပူကြောင့်လောင်ကျွမ်းပြီး အပေါက်ပေါင်း (၅၀၀) ဖြစ်နေတာပါ။ ဒါတင်မကသေးပါဘူး။ မျက်ခွံအတွင်းသား ရောင်ရမ်းခြင်း ၊ မျက်ကြည်လွှာပေါ်က ဆဲလ် သေသွားခြင်း နဲ့ မျက်လုံးထဲမှာ အနက်တန်းတွေ ပေါလောပေါ်နေခြင်းစတဲ့ လက္ခဏာတွေလည်း ပြပါသေးတယ်။

ချန်းရဲ့ မျက်စိဝေဒနာကို စတီးရွိက် (steroid) ကုသမှု နဲ့ ကြိုးစားစမ်းသပ်ပေးတဲ့အချိန်မှာ သုံးရက်ကြာပြီးနောက် တော်တော်လေး သက်သာတဲ့ လက္ခဏာတွေ မြင်ရတာ ဖြစ်ပါတယ်။ မျက်လုံးကို အလင်းယူနစ် (၆၀၀) နဲ့ (၂) နာရီလောက် ထိတွေ့မယ် ဆိုရင်တောင် မိုက်ခရိုဝေ့ပ်ထဲ ထည့်အဖုတ်ခံရသလို သက်ရောက်မှုရှိပါတယ်လို့ ဒေါက်တာ ဟောင်က ပြောကြားပါတယ်။

ဒါကြောင့် ဆရာဝန်တွေ အားလုံး တစ်ညီတစ်ညွတ်တည်း သတိပေးစကားကတော့ ညဘက် ဖုန်းသုံးမယ်ဆိုရင် အခန်းမီးကို အမှောင်မချထားဖို့ နဲ့ အခန်းမီး ပိတ်ထားပြီး ဖုန်းသုံးတဲ့အခါမှာလည်း ဖုန်းအလင်းကို အဆုံးထိ လျှော့ထားဖို့ပဲ ဖြစ်ပါတယ်။ ရိုးရာလေး ပရိသတ်ကြီးလည်း သတိပြု ဆင်ခြင်နိုင်စေဖို့ ဒီသတင်းလေးကို ဝေမျှလိုက်ရခြင်း ပါ။

Ref: 9GAG “Woman has 500 Holes in Eye After Having Phone Screen on Maximum Brightness”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top