အူရီဒူးမြန်မာမှ မတ်လအတွက် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဉ်၏ ရွှေ (၅) ကျပ်သားဆု ကံထူးရှင် (၃) ဦးအား ဆုချီးမြှင့်

28.4.2023-yyl-iamge-21.jpg

အူရီဒူးမြန်မာသည် ၂၀၂၃ ခုနှစ်၊ မတ်လအတွက် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်၏ ရွှေ (၅) ကျပ်သားဆု ကံထူးရှင် (၃)ဦးအား ဆုချီးမြှင့်ပွဲအခမ်းအနားကို အူရီဒူးမြန်မာရန်ကုန်ရုံးချုပ်၌ ဧပြီလ (၂၈) ရက်တွင် ကျင်းပခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လအတွက် ကံထူးရှင်ရွေးချယ်ပွဲအား ဧပြီလ (၆) ရက်တွင် အူရီဒူးမြန်မာ Facebook Page မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်၍ ကံစမ်းမဲနှိုက်ရွေးချယ်ကာ ကံထူးရှင်များအား ဖုန်းခေါ်ဆိုအကြောင်းကြားခဲ့ခြင်းဖြစ်ပါသည်။

အူရီဒူး၏ ‘ချွင် ချွင် ချွင်’ သည် အူရီဒူးသုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် ပြုလုပ်ပေးသည့် အဓိကအစီအစဉ်များထဲမှ တစ်ခုဖြစ်ပြီး ၎င်းတွင်ပါဝင်ရန် *555# အားဖုန်းခေါ်ဆို စာရင်းသွင်းကာ ၉၉၉ ကျပ် နှင့်အထက် ဒေတာ (သို့မဟုတ်) ဖုန်းခေါ်ဆိုမှုပက်ကေ့ချ်၀ယ်ယူသူတိုင်း လစဥ် ရွှေ (၅)ကျပ်သားဆု ကံထူးနိုင်သည့် အစီအစဥ်တစ်ခုဖြစ်ပါသည်။

အူရီဒူးမှ ဆင်းကတ်မှတ်ပုံတင်ရန် မက်ဆေ့ရရှိထားသည့် သုံးစွဲသူများအနေဖြင့်လည်း ၎င်းတို့၏ ဆင်းကတ်များအား မှန်ကန်သော မှတ်ပုံတင်ဖြင့် ပြန်လည် မှတ်ပုံတင်ပြီးနောက် ရွှေ (၅)ကျပ်သားဆုကံထူးနိုင်သည့် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။

ကံထူးရှင် (၃) ဦးအနက် တစ်ဦးဖြစ်သည့် ဧရာ၀တီတိုင်း ဒေသကြီး၊ မြန်အောင်မြို့နယ်မှ မနှင်း၀ေလှိုင်က သူမ၏ ဆင်းကတ်ကို အောင်မြင်စွာပြန်လည် မှတ်ပုံတင်ခြင်းဖြင့် ကံစမ်းမဲအစီအစဉ်တွင် အလိုအလျောက်ပါဝင်ကာ ရွှေ (၅) ကျပ်သားဆုကြီး ကံထူးခဲ့ခြင်း ဖြစ်ပါသည်။ သူမသည် အူရီဒူးအား လွန်ခဲ့သည့် (၆) နှစ်မှစ၍ သုံးနေခဲ့ခြင်း ဖြစ်ပါသည်။

အူရီဒူးမြန်မာသည် ‘ချွင် ချွင် ချွင်’ ကံစမ်းမဲအစီအစဥ်အား ၂၀၂၂ ခုနှစ်၊ နို၀င်ဘာလ (၁) ရက်နေ့တွင် စတင် မိတ်ဆက်ခဲ့ပါသည်။ ဤပရိုမိုးရှင်းအစီအစဥ်မှ အူရီဒူးမြန်မာသည် နေ့စဥ်ရွှေတစ်မတ်သားဆုပေါင်း ၁၈၃ ဆုနှင့် ယခု ဧပြီလအထိဆိုလျင် အထူးဆုကြီးများဖြစ်သည့် ရွှေ (၁၀) ကျပ်သားဆု ၃ ဆုနှင့် (၅) ကျပ်သားဆု (၃) ဆု တို့ကို ပေးအပ်ခဲ့ပြီးဖြစ်သည်။

အူရီဒူးမြန်မာမှ ဒီရွှေဆုများ ကံစမ်းမဲအစီအစဉ် “ချွင်ချွင်ချွင်” ကို တစ်လလျှင် ရွှေ (၅) ကျပ်သားဆု ၃ ဆုအား ဧပြီနှင့် မေလများတွင်လည်း ဆက်လက် ချီးမြှင့်သွားမည်ဖြစ်ပါသည်။ အူရီဒူးသုံးစွဲသူများအနေဖြင့် “ချွင် ချွင် ချွင်” ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ရန် *555# အား တစ်ကြိမ်ခေါ်ဆိုစာရင်းသွင်းကာ ၉၉၉ ကျပ်နှင့် အထက် ဒေတာနှင့် ဖုန်းခေါ်ဆိုမှု ပက်ကေ့ချ်များ၀ယ်ယူခြင်းဖြင့် လစဥ် ရွှေဆုကံထူးနိုင်မည့်အခွင့်အရေးရရှိနိုင်မည်ဖြစ်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top