ကလေးငယ် ၅၅၀ ကျော် မွေးလာအောင် သုက်ပိုးလှူဒါန်းခဲ့တဲ့ ဒတ်ချ်အမျိုးသားကို သုက်ပိုး ထပ်မလှူတော့ဖို့ တရားရုံး အမိန့်ချ

28.4.2023-yyl-iamge-23.jpg

ကမ္ဘာတစ်ဝန်းမှာ ကလေးငယ် ၅၅၀ ကျော် မွေးဖွားနိုင်အောင် သုက်ပိုးလှူဒါန်းပေးခဲ့တဲ့ ဒတ်ချ်အမျိုးသားကို သုက်ပိုးလှူဒါန်းမှု ထပ်မလုပ်တော့ဖို့ ဒတ်ချ်တရားရုံးက အမိန့်ချမှတ်ခဲ့ပြီး နောက်ထပ် သုက်ပိုးလှူဒါန်းဖို့ ကြိုးစားမယ်ဆိုရင် ယူရို ၁ သိန်း ဒဏ်ရိုက်မယ်လို့ သတိပေးထားပါတယ်။

ဂျိုနသန်လို့ အမည်ရတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားဟာ ၂၀၀၇ ခုနှစ်က စတင်ပြီး သုက်ပိုးလှူဒါန်းခဲ့တာပါ။ သွေးသားအရင်းတွေ ပြန်လက်ထပ်မိတဲ့ အဖြစ်မျိုး မဖြစ်စေဖို့အတွက် ဒတ်ချ်ဆေးရုံတွေက မိသားစု ၁၂ စုအတွက် ကလေးငယ် ၂၅ ယောက် ထပ်ပိုပြီး သုက်ပိုးလှူဒါန်းမှု မလုပ်ဖို့ တားမြစ်ထားပါတယ်။

Ref: Sperm donor who fathered 550 children ordered to stop

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top