ဇီကာဗိုင်းရပ်စ် ကူးစက်ခံရနိုင်သူ ဦးရေ ၂.၆ ဘီလီယံ အထိ ရှိလာနိုင်

20160902_zika_large.jpg

ခရီးသွားလာသူ များပြားတာ၊ ရာသီဥတု အနေအထားနဲ့ ခြင်ပေါက်ဖွား မှုတွေကြောင့် အာရှနဲ့ အာဖရိကမှာ နေထိုင်သူတွေထဲ ၂.၆ ဘီလီယံ (၂,၆၀၀,၀၀၀,၀၀၀ ဦး) ခန့် အထိ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ချေ ရှိတယ်လို့ သိပ္ပံပညာရှင်တွေက သုံးသပ်နေကြပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုးဟာ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရတာကနေ အဓိက စတင်ဖြစ်ပွားပါတယ်။ ရောဂါပိုး ရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်က သန္ဓေသားကို ကူးစက်တာ၊ ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံတာ၊ သွေးသွင်းရာက တဆင့်လည်း ကူးစက်နိုင်တယ်လို့ သိရပါတယ်။ ဒီရောဂါပိုးရဲ့ ဆိုးကျိုးတွေအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ သားသမီးမွေးဖွားရ ခက်ခဲတာအပြင် အခြား ဆိုးရွားတဲ့ ဝေဒနာတွေခံစားရနိုင်တယ်။

ပြီးတော့ ဒီရောဂါပိုးက ဂျီဘီအက်စ် ဆင်ဒရုမ်း( Guillain-Barré syndrome (GBS) ) ကို ဖြစ်ပွားစေပြီး အဲဒီ့အကျိုးသက်ရောက်မှု အနေနဲ့ ကြွက်သားတွေ၊ အာရုံကြောတွေ အားနည်းထုံထိုင်းတာကို ဖြစ်စေနိုင်တယ်လို့ ရောဂါပျံ့နှံ့မှု ကန့်သတ်ထိန်းသိမ်းရေးနဲ့ ကာကွယ်ရေး သတင်းတွေကို ဖော်ပြပေးနေတဲ့ www.cdc.gov  ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဇီကာဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေးမရှိသေးဘူးလို့ သိရပါတယ်။

သုတေသန ပြုချက်တွေအရ ဇီကာဗိုင်းရပ်စ်ဟာ အခုလက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံတွေအပြင် အိန္ဒိယ၊ တရုတ် ၊ ဖိလစ်ပိုင် ၊ အင်ဒိုနီးရှား၊ နိုင်ဂျီးရီးယား၊ ဗီယက်နမ်၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ အကြီးအကျယ်ဆက်လက် ပြန့်ပွားနိုင်တယ်လို့ သိရပါတယ်။ ပြောထားတဲ့ အထဲမှာ မြန်မာနိုင်ငံ မပါဝင်သေးပေမယ့် “သတိဆို ပိုသည် မရှိ “ ဆိုတဲ့ စကားအတိုင်း ရောဂါပိုး အဓိကသယ်ဆောင်သူဖြစ်တဲ့ ခြင် အန္တရာယ်က ကြိုတင်ကာကွယ်ထားကြဖို့ ၊ ခြင်ကိုက်မခံရအောင် ဂရုစိုက်ကြဖို့ ရိုးရာလေးက အကြံပြုလိုက်ရပါတယ်။

Ref : Time : “2.6 Billion People Could Be at Risk of Zika, Scientists Say”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top