ပရိုတိန်းဓာတ် နည်းတဲ့ တို့မြန်မာ

food-protein-large.jpg

သာမန်လူတစ်ယောက်ဟာ တစ်ရက်ကို ပရိုတိမ်းဓာတ် ကြွယ်သော အစားအစာ ၅၀ ဂရမ် လိုအပ် ပါတယ်။ ဒါဟာ ဝိတ်တန်း ၁၅၀ ရှိတဲ့ လူကောင်ထွား များကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီတော့ အရပ်ပု သေးသေးညှပ်ညှပ် မြန်မာများဆိုရင်တော့ ၄၀ ဂရမ်လောက် လိုအပ် ပါတယ်။

အကယ်၍ အားကစား တစ်ခုခုကို စွဲစွဲမြဲမဲ လုပ်သူဆိုရင် တစ်ရက်ကို ၉၀ ဂရမ်ကနေ ဂရမ် ၁၅၀ အထိ လိုအပ် ပါတယ်။ လိုအပ်တဲ့ အသေးစိတ်ကိုတော့ nutrition doctor လို့ခေါ်တဲ့ အာဟာရဆိုင်ရာ အကြံပေး ဆရာများနဲ့ တိုင်ပင် သိရှိနိုင်ပါတယ်။

ဘာကြောင့် ဒီအကြောင်းကို ပြောသလဲဆို မြန်မာလူမျိုးများရဲ့ သေးညှပ်မှုကို ပြောချင်တာပါ။ အားလုံး မဟုတ်ပေမယ့် အများစုဟာ လူကောင်သေးကြ ပါတယ်။ ဒီတော့ လူကောင်ကြီးတဲ့ မြန်မာများအနေနဲ့ ဒီစာကိုမြင်ရင် လူကောင်းသေးသူများကို ပြန်လည် မျှဝေပေးနိုင်ပါတယ်။

မြန်မာပြည်မှာ လေ့လာကြည့်လိုက်မယ်ဆိုရင် ဘယ်နေရာ ဘယ်ဆိုင် ကြည့်ကြည့် Carbohydrates တွေ များပါတယ်။ အတိုအနေနဲ့ Carb လို့ အလွယ်ခေါ် ပါတယ်။ Carb နဲ့ Protein ဟာ လူတစ်ယောက်ရဲ့ အခြေခံအကျဆုံး နေ့စဉ် လိုအပ်ချက် အဖြစ် သတ်မှတ်ပါတယ်။ Carb အနေနဲ့ဆိုရင် တစ်ရက်ကို အနည်းဆုံး ၁၃၀ ဂရမ်လို့ ဆိုသော်လည်း မိမိရဲ့ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီရဲ့ ၅၀ ရာခိုင်နှုန်း အဖြစ် သတ်မှတ်ပါတယ်။ Carb ဥပမာ ထမင်း တစ်ဂရမ် ဆိုရင် ၄ ကယ်လိုရီ ပါဝင်ပါတယ်။ ကြက်ဥ တစ်လုံးမှာ ပရိုတိမ်း ၁၃ ဂရမ် ပါဝင်ပါတယ်။ ကြက်ပေါင် တစ်ပေါင်မှာ ၁၀ ဂရမ် ပါဝင်ပါတယ်။ ဒီတော့ ကြက်ပေါင် ငါးပေါင်လောက်က တစ်ရက်ကို အနည်းဆုံး လိုအပ်တဲ့ ပရိုတိမ်း ပမာဏလို့ မှတ်ယူနိုင်ပါတယ်။

ထမင်း တစ်ခွက်မှာ ကာဘွန်ဟိုက်ဒရိတ် ၄၄ ဂရမ်ပါဝင်ပါတယ်။ ဒီတော့ တစ်ထိုင်ထဲမှာ ထမင်း သုံးပန်းကန်စားရင် တစ်ရက်စာ လိုအပ်တဲ့ Carb က ပြည့်နေပါပြီ။ တစ်ရက်မှာ Carb ၁၅၀ ကို ထမင်း၊ ပရိုတိမ်း ၅၀ ကို အသားကနေ စားပြီး ကျန်တဲ့ carb ဓာတ်၊ ပရိုတိမ်း ဓာတ်များကို အခြားသေား ဟင်းလျာ အစားအစာ၊ ဂြုံပြောင်း၊ မုန့်သရေစာ တို့ကနေ ရတယ်ဆိုရင် နေ့စဉ်လိုအပ်တဲ့ ဓာတ်က ပြည့်ပါပြီ။

ဒါပေမယ့် ခက်တာက မြန်မာဟင်းလျာတွေမှာ ပရိုတိမ်းဓာတ် မာ်းများ စားသုံးတဲ့ အလေ့အထ မရှိခြင်း ဖြစ်ပါတယ်။ Carb က လူရဲ့ အဓိက လိုအပ်တဲ့ အားကို ပေးတယ်ဆိုပေမယ့် ပရိုတိမ်က Cell အသစ်တွေ၊ ဟိုမုန်းတွေ ဖြစ်စေဖို့ အဓိက blood cell ထုတ်ပေးပြီး တစ်ခုကမှ လျော့လို့ မကောင်းပါဘူး။ ပရိုတိမ်း နည်းတဲ့ သူတွေဟာ မထွားပါဘူး။ မြန်မာအများစုဟာ Carb ကို အစားများပြီး အသားစား နည်းပါတယ်။ ဘာသာရေးအရ သက်သက်လွတ်စားတဲ့ အလေ့အထအပြင် မြန်မာ့ရိုးရာ အစားအစာတွေမှာ အသားတွေ နည်းတာကြောင့် ခေတ်အဆက်ဆက် အသားစား နည်းရာကနေ လူကောင်တွေဟာ တဖြည်းဖြည်း သေးလာခြင်း ဖြစ်ပါတယ်။

Carb ကို စားထားတဲ့ လူတွေရဲ့ စရိုက်လက္ခဏာကိုကြည့်ပါဆိုရင် ပိန်သလိုရှိပေမ့် ဗိုက်ပူတာမျိုးတို့ မြင်ရပါမယ်။ ပရိုတိန်းများသူများကျတော့ လူကောင်းကြီးပြီး ထွားပေမယ့် အဝလွန်ခြင်းဟာ နောက်ဆက်တွဲ ဖြစ်နိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဒီတော့ ဘယ်အရာမှာ လွန်ရင် မကောင်းပါဘူး။ အားလုံး ဘက်ညီဖို့လိုအပ် ပါတယ်။ ဒါပေမယ့် တစ်ကိုယ်ချင်း Strength ကို ယှဉ်တဲ့အခါမှာတော့ ပရိုတိန်း များများ စားတဲ့ အနောက်တိုင်းက လူတွေကို အာရှက ယှဉ်ဖို့ မလွယ်ပါဘူး။ လူကောင်းအားဖြင့် ကွာသလို လူကောင်းချင်းတူရင်တောင် အားအင်ချင်းက ကွာပါသေးတယ်။ ဒါကြောင့်မို့ အနောက်တိုင်းဟာ အားကစားတွေအများစုမှာ ကြီးစိုးထားနိုင်ခြင်း ဖြစ်ပါတယ်။

မိမိစားသုံးတဲ့အစားအစာမှာ ပရိုတိမ်းနဲ့ Carb အပြင် အခြားသော ဓာတ်များကိုလည်း မျှတူလိုအပ်နေပါတယ်။ ဒါကြောင့်မို့ မိမိအနေနဲ့ ကျန်မာသန်စွမ်း ထွားကြိုင်း သန်မာတဲ့ လူနေမှု ဘဝကို ရရှိဖို့အတွက် ကျန်းမာအောင် nutriction စုံအောင်၊ ကောင်းအောင်း စားကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top