ဂုတ်တွင်းယာယီဘေလီတံတားနဲ့အပြိုင် နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအသစ်တစ်စင်း ထပ်မံ တည်ဆောက်သွားမယ့်သတင်း

local_05-2.jpg

ဂုတ်တွင်းယာယီဘေလီတံတား

မြောက်ပိုင်း ၃ ဖွဲ့ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သော်လည်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည့် ဂုတ်တွင်းယာယီဘေလီတံတား၏ နံဘေးတွင် နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအသစ်(၁)စင်းကို ထပ်မံ တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂုတ်တွင်းယာယီဘေလီတံတား

အဆိုပါတံတားသစ်ကို အမြန်ဆုံးတည်ဆောက်သွားမည်ဖြစ်သည့်အပြင် ပျက်စီးသွားသော ဂုတ်တွင်း တံတားဟောင်း၏ ကျိုးသွားသည့် သံကူကွန်ကရစ်ယက်မများအစားထိုးခြင်းနှင့် ပျက်စီးသွားသော တံတားတိုင်များ အသစ်ပြန်လည်တည်ဆောက်ခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ယခုကဲ့သို့ တံတားအသစ်(၁)စင်း တည်ဆောက်ခြင်းနှင့် မူလဂုတ်တွင်းတံတားဟောင်း(၁)စင်းအား ပြန်လည်ပြင်ဆင်ပြီးစီးပါက တံတား(၂)စင်းရရှိလာမည်ဖြစ်ရာ မန္တလေး-နောင်ချို-လားရှိုး-မူဆယ် လမ်းကြီးပေါ်ရှိ ဂုတ်တွင်းတွင် အသွားအပြန် အသုံးပြုနိုင်မည် ဖြစ်သည်။

ဓါတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top