အူရီဒူးမြန်မာ၏ ပံ့ပိုးကူညီမှုဖြင့် Tech Age အမျိုးသမီးလေးက ရွေ့လျားစာကြည့်တိုက်နှင့်အတူ ဗဟုသုတများကို ဝေမျှလျက်ရှိ

Ooredoo-Myanmar-CCO-and-Tech-Aged-Girl.jpg

Tech Age အစီအစဉ်တွင် ပညာသင်ကြားခဲ့သူဖြစ်ပြီး “စံ “မော်တော်ဆိုင်ကယ် ရွေ့လျားစာကြည့်တိုက်၏ တည်ထောင်သူ မသဲနုစံ က မြန်မာနိုင်ငံတစ်ဝန်း စာကြည့်တိုက်များ၊ ပညာရေးဗဟုသုတများနှင့် အလှမ်းဝေးနေသည့် ကလေးငယ်များအတွက် ဗဟုသုတပညာရပ်များကို ပြန်လည်မျှဝေသွားမည်ဆိုသည့် အိမ်မက်တစ်ခုရှိခဲ့ပါသည်။ ထို့အတူ သူမတွင် ကျေးရွာများရှိ ကလေးငယ်များ၏ဘဝများ ပိုမိုအဆင့်မြင့်ကာ တိုးတက်လာစေရန်အတွက် သတင်းအချက်အလက်များ၊ စာအုပ်စာပေများ၊ သင်ထောက်ကူပစ္စည်းများ နှင့် ဒီဂျစ်တယ်ပညာဆိုင်ရာကျွမ်းကျင်မှုများ ရရှိနိုင်ရန် ရည်ရွယ်ချက်များ ရှိခဲ့ပါသည်။ သူသည် ပိုမိုကောင်းမွန်သည့် လူမှုအသိုက်အဝန်းတစ်ခုဖြစ်လာစေရန် နှင့် ပညာရပ်ဆိုင်ရာအတွေးအခေါ်များပိုမိုကျယ်ပြန့် ရင့်သန်လာစေရန်အတွက် ပညာရေးသည် ကြီးမားသည့် အခန်းကဏ္ဍမီပါဝင်နေကြောင်း အခိုင်အမာ ယုံကြည်ထားသူလည်း ဖြစ်ပါသည်။

သူသည် အတွေးအခေါ်ဆိုင်ရာ ဒဿနိကဗေဒဘွဲ့ကို ရရှိထားသူ ဖြစ်သည့်အပြင် နည်းပညာနှင့် ပတ်သက်လာလျှင် ယောင်္ကျားလေးများကို အားကိုးလိုသူမဟုတ်သောကြောင့် ကိုယ်တိုင် နားလည်တတ်ကျွမ်းအောင် သင်ယူထားသူလည်း ဖြစ်ပါသည်။ ကိုယ့်အားကိုယ်ကိုးနိုင်သည့် အမျိုးသမီးတစ်ဦးဖြစ်လိုပြီး ကျွမ်းကျင်မှုပညာရပ်များကို ကိုယ်တိုင်တတ်မြောက်လိုသောကြောင့် ၂၀၁၆ ခုနှစ်တွင် အမျိုးသမီးငယ်လေးများအား ဦးဆောင်သူများဖြစ်လာစေရန် ပံ့ပိုးကူညီပေးနေသည့် Tech Age Girl အစီအစဉ်တွင် တက်ရောက်ပညာသင်ကြားခဲ့ပါသည်။ ထို့အပြင် ယခုနှစ်အတွင်း The Tech Age အစီအစဉ်ကို အဓိက ကူညီပံ့ ပံ့ပိုးနေသည့် အူရီဒူးမြန်မာ နှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Myanmar Book Aid and Preservation Foundation (MBAPF) တို့သည် မသဲနုစံ၏ အိပ်မက်များကို ယုံကြည်မှုရှိရှိဖြင့် အကောင်အထည်ဖော်နိုင်စေရန် ပံ့ပိုးအားပေးမှုများကို ဆောင်ရွက်ပေးခဲ့ပါသည်။

အူရီဒူးမြန်မာသည် ၎င်း၏ ပညာရေးနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဆက်လက်မြှင့်တင်သွားမည်ဆိုသည့် ရည်ရွယ်ချက်နှင့်အညီ မသဲနုစံ၏ ရည်မှန်းချက်များကို ပံ့ပိုးပေးနိုင်ရန် အော်တိုဆိုင်ကယ်တစ်စီးကို လှူဒါန်းပံ့ပိုးပေးခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုကြောင့် မသဲနုစံသည် ရွေ့လျားစာကြည့်တိုက်ကို လုံခြုံစိတ်ချရစွာ သွားလာစီစဉ်နိုင်ပြီး စာအုပ်များကို ပိုမိုသယ်ဆောင်နိုင်ကာ စာသင်ကျောင်းများစွာသို့ ပိုမိုသွားရောက်ပြီး ဗဟုသုတများ ဝေမျှနိုင်ပြီဖြစ်ပါသည်။

ယခုအခါတွင် မသဲနုစံသည် မန္တလေးမြို့ပတ်ဝန်းကျင်အတွင်း တစ်ပတ်လျှင်သုံးရက်ခန့် “စံ” မော်တာဆိုင်ကယ်ရွေ့လျားစာကြည့်တိုက်ဖြင့် လှည့်လည်မောင်းနှင်ကာ ဗဟုသုတများမျှဝေလျက်ရှိ ပါသည်။ သူသွားရောက်လျက်ရှိသည့် စာသင်ကျောင်းများမှာ ဖောင်တော်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ရွှေကိန္နရီဘုန်းတော်ကြီးကျောင်း၊ ဇေယျဝတီနန်းကျောင်း၊ ဇေယျာသီရိ မိဘမဲ့နှင့် သီလရှင်ကျောင်း တို့အပြင် အာကာမင်းအခမဲ့စာသင်ဝိုင်း တို့ဖြစ်ပါသည်။ Tech Age Girl အစီအစဉ် နှင့် အူရီဒူးမြန်မာတို့၏ ပညာရပ်ဆိုင်ရာ ပံ့ပိုးတွေကြောင့် သူသည် ကွန်ပျူတာ နှင့် ဒီဂျစ်တယ်ဆိုင်ရာ နည်းပညာဗဟုသုတများကို ကလေးငယ် (၆,၅၀၀) ကျော်တို့အတွက် ဝေမျှပေးနိုင်ပြီဖြစ်ပြီး ကလေးငယ် (၁၁,၀၀၀) ကျော်တို့၏ စာပေဖတ်ရှုလေ့လာမှုများကို ပိုမို အထောက်အကူပြု အားဖြည့်ပေးနိုင်ပြီဖြစ်ပါသည်။

မသဲနုစံ သည် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ဗဟုသုတ နှင့် ဒီဂျစ်တယ်ဆိုင်ရာ ကျွမ်းကျင်မှု ပညာရပ်များကို ငွေကြေးချို့တဲ့နွမ်းပါးလှသည့် လူမှုအသိုက်အဝန်းတို့အတွက် မျှဝေပေးခြင်းမှတဆင့် ကူညီပံ့ပိုးပေးနိုင်ရန် အထူးအလေးပေးဆောင်ရွက်လျက်ရှိပါသည်။ လူမှုအသိုက်အဝန်းများဆီသို့ အရောက်သွားကာ ထောင်ပေါင်းများစွာသော ကလေးငယ်များ၏ ပညာသင်ကြားမှု၊ စာဖတ်ရှုလေ့လာမှုနှင့် နည်းပညာအသုံးပြုမှုများတိုးတက်လာစေရန် ထိထိရောက်ရောက်အားဖြည့်ကူညီပေးနေသည့် လူငယ်တစ်ဦးဖြစ်သူ မသဲနုစံ၏ ကြိုးစားအားထုတ်မှုမှာ အင်မတန်စိတ်အားတက်ဖွယ်ကောင်းလှပါသည်။ ယခုလို အမျိုးသမီးတစ်ဦး၏ ဦးဆောင်မှု၊ ခိုင်မာသည့်ယုံကြည်မှုများနှင့်အတူ သူလေ့လာသင်ယူထားသည့် ဗဟုသုတပညာရပ်များဖြင့် အများပြည်သူအကျိုးရှိစေရန်ဆောင်ရွက်နေသည်မှာ အထူးပင်ဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။

Ref: Ooredoo Myanmar
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top