တအံ့တသြဖြစ်သွားစေနိုင်တဲ့ အရွယ်အစားကြီးတဲ့တိရစ္ဆာန်များ

yyl-040-3.jpg

တိရစ္ဆာန်တွေက အရွယ်အစားကြီးတာ၊ သေးတာတွေရှိတယ်ဆိုတာကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြင်ဖူးနေကျ၊ မြင်တွေ့နေကျ တိရစ္ဆာန်တွေက ပုံမှန်ထက်ကြီးနေတာ မြင်ရင်တော့ ဘယ်သူမဆိုအံ့အားသင့်မိကြမှာပါ။ စာဖတ်ပရိသတ်တွေကော ပုံမှန်အရွယ်အစားရှိတဲ့ တိရစ္ဆာန်တွေကို အရွယ်အစားကြီးတဲ့တိရစ္ဆာန်တွေအဖြစ် မြင်ဖူးကြလား။

သဘာဝတရားကြီးကတော့ ကျွန်တော်တို့တွေကို အမြဲတမ်း အံ့သြမင်သက်လောက်အောင် လုပ်လိုက်ပြန်ပါတယ်။ အခုဖော်ပြပေးမယ့်ပုံထဲက ဧရာမတိရစ္ဆာန်တွေကို စာဖတ်ပရိသတ်တွေ မြင်လိုက်မယ်ဆိုရင် ကိုယ့်မျက်စိကိုတောင် မယုံနိုင်ဖြစ်သွားမယ်နော်။ ကဲ…ဘယ်လောက်တောင် ပုံမှန်တိရစ္ဆာန်တွေက ဘယ်လောက်တောင် အရွယ်အစားကြီးလဲဆိုတာ ကြည့်လိုက်ကြရအောင်…။

ဒီလောက်ကြီးတဲ့ဖားပြုတ်ကြီးကို မြင်ဖူးကြရဲ့လား

(၄) ပေ (၃) လက်မရှိတဲ့ ယုန်ပါ။ ဒီယုန်က သာမန်ခွေးလောက် အရွယ်အစားကြီးပါတယ်

အန္တာတိကမှာ တွေ့ရတဲ့ ဧရာမကြယ်ငါး

လူထက် တော်တော်ရှည်ပြီးအရွယ်အစားကြီးတဲ့နွား

ကမ္ဘာပေါ်မှာ coconut crab လို့ခေါ်တဲ့ အကြီးဆုံးကုန်နေကဏန်း

ဂင်းနစ်စံချိန်တင်ထားတဲ့ ကမ္ဘာ့အရှည်ဆုံးခွေးကြီး ဖရက်ဒီ (Freddy)

သက်တမ်း (၈၀) ရှိတဲ့ အရှည် (၁၈) ပေရှိတဲ့ မိကျောင်း ဘရုတက်စ် (Brutus)

ပင်လယ်ဖျံက ဒီလိုအရွယ်အစားမျိုးရှိတယ်ဆိုတာ စိတ်ကူးကြည့်မိရဲ့လား

Ref: Brightside

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top