အင်ဒိုနီးရှားနိုင်ငံ တောမီးကြောင့် ဖြစ်ပေါ်သည့် မီးခိုးမြူများ ထိုင်းနိုင်ငံ တောင်ပိုင်းထိ ရောက်ရှိ

yyl-050-3.jpg

ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်နေ့ တွင် ထိုင်းနိုင်ငံ တောင်ပိုင်းရှိ နေရာဒေသ အများအပြားတွင် မီးခိုးမြူများ ပိတ်ဖုံးနေသည် ဟုသိရှိရသည်။ ထို မီးခိုးမြူများသည် အင်ဒိုနီးရှား နိုင်ငံတောမီးလောင်မှု မှ အစပြုခဲ့ရာ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ နှင့် ယခုဆိုလျှင် ထိုင်းနိုင်ငံ အထိ ပျံ့နှံ့လို့ နေပြီ ဖြစ်သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း Phuket နှင့် Hat Yai ဒေသများတွင် လေထုတိုင်းတာချက်များသည် ကျန်းမာရေးနှင့် မသင့်တော်သော အတိုင်းအတာ အထိ မြင့်တက်လို့နေသည်။ Phuket တွင် ယနေ့ မနက် လေထုတိုင်းတာချက် စံချိန် အညွှန်းသည် ၁၅၈ အထိ မြင့်တက်သွားသည်။ Hat Yai ဒေသတွင် လေထုတိုင်းတာချက် စံချိန် အညွှန်းသည် ၁၆၁ သို့ နေ့လည်ပိုင်း အချိန်တွင် မြင့်တက်သွားသည်။

ပတ်ဝန်းကျင် ညစ်ညမ်းခြင်း တိုင်းတာသည့် အညွှန်း စံနှုန်း (Polutant Standard Index) PSI တိုင်းတာချက်သည် ၅၀ နှင့် အောက် ရှိလျှင် အရည်အသွေး ကောင်းမွန်သော လေထု ဟု သတ်မှတ်ပြီး၊ PSI တိုင်းတာချက် ၅၁ မှ ၁၀၀ ကြား ရှိလျှင် အတန်အသင့်ရှိသော လေထု ဟု သတ်မှတ်သည်၊ PSI တိုင်းတာချက် ၁၀၁ မှ ၂၀၀ အတွင်း ရှိလျှင် ကျန်းမာရေးအတွက် သင့်တော်မှုမရှိသော လေထုဟု သတ်မှတ်သည်၊ တိုင်းတာချက် ၂၀၁ မှ ၃၀၀ အထိရှိလျှင် ကျန်းမာရေးအတွက် အလွန်ပင်သင့်စိုးရွားစွာ ထိခိုက်နိုင်သော လေထု ဟု သတ်မှတ်ပြီး၊ ၃၀၀ နှင့် အထက်ရှိလျှင် ဘေးအန္တရာယ်ရှိသော ညစ်ညမ်းလေထု ဟု သတ်မှတ်ကြောင်း ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံ ၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အစိုးရ အဖွဲ့ဝင်များမှ ပြည်သူများအား အိမ်အပြင်ဘက် အသွားအလာ လုပ်ဆောင်မှုများ၊ ယာဉ်မောင်းနှင်ခြင်းများအား သတိထားရန် နှင့် ပင်လယ်တွင် ရွက်လွှင့်ခြင်း၊ ကမ်းခြေတွင် မီးပုံပွဲများ ပြုလုပ်ခြင်း များ မလုပ်ဆောင်ရန် တားမြစ်ထားပါသည်။ ထို့အပြင် အပြင်ထွက်ချိန်တွင် အကာအကွယ်ပေးသည့် mask များတပ်ဆင်ရန် နှင့် အိမ်အတွင်း နေထိုင်ချိန် တွင် ပြတင်းပေါက်များ နှင့် တံခါးများ အား သေချာစွာ ပိတ်ထားရန် သတိပေး ထုတ်ပြန်ထားပါသည်။

Phuket ရှိ အစိုးရ ရုံးအဖွဲ့ဝင် Mr Charn Jindachote မှ “ယခုအချိန်တွင် တောင်တန်းများ ကာစီးနေခြင်းကြောင့် မီးခိုးမြူများသည် မြို့ပြဒေသများထက် ကမ်းခြေ ဒေသတွင် ပိုမိုထူထပ်သည်။ အင်ဒိုနီးရှား မှ တောမီးလောင်ကျွမ်းမှု ကြောင့် Phuket တွင် နှစ်စဉ် ယခုလို အချိန်မျိုး၌ မီးခိုမြူများ ရောက်ရှိလာတတ်သည်။ သို့သော် ယခုနှစ် သည် လေထုညစ်ညမ်းမှု အတိုင်းအတာ ပို၍ ဆိုးဝါးသည်။ လက်တလောတွင် မိုးရွာသွန်းမှု မရှိသေးခြင်းကြောင့် မီးခိုးမြူများသည် Phuket တွင်သာ ပိတ်လှောင်၍ ရှိလျှက်နေသည်။” ဟုဆိုသည်။

ယခုနှစ် အင်ဒိုနီးရှားမှ စတင်လာသည့် မီးခိုးမြူများကြောင့် အင်ဒိုနီးရှား နှင့် မလေးရှားမှ ထောင်နှင့်ချီသော ကျောင်းများပိတ်ရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့များမှ ညွှန်ကြားခဲ့ရပြီး စင်ကာပူတွင် ယနေ့ မနက်ခင်းပိုင်း အထိ လေထုအရည်အသွေးသည် ကျန်းမာရေးအတွက် မသင့်တော်သော အနေအထားတွင် ဆက်လက် တည်ရှိနေသေးကြောင်း သိရှိရသည်။
ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top