အသက် ၇၅ နှစ်အရွယ် ဆန်ရူရမ်ဆိုသူက ဇနီးဖြစ်သူသေဆုံးခဲ့ပြီး ၁ နှစ်အကြာမှာ သူ့ထက် အသက်ထက်ဝက်ငယ်တဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်္ဂလာဆောင်ပြီးမနက်ခင်းမှာ သူ သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်က Jaunpur ခရိုင်၊ Kuchhuchh Village မှာ ဖြစ်ခဲ့တာပါ။ ဆန်ရူရမ်က ဇနီးသေဆုံးခဲ့ပြီးနောက် တစ်ယောက်တည်းနေထိုင်ခဲ့တာပါ။ သားသမီးလည်းမရှိဘဲ လယ်ယာလုပ်ငန်းနဲ့ ရပ်တည်နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ဆွေမျိုးမိသားစုတွေက သူ့ကို နောက်အိမ်ထောင်မပြုဖို့ ပြောခဲ့ကြပေမဲ့ သူ့ကို တားမရခဲ့ဘူး။
စက်တင်ဘာ ၂၉ ရက်နေ့မှာ ဆန်ရူရမ်က Jalalpur မှာ နေထိုင်သူ အသက် ၃၅ နှစ်အရွယ် မန်ဘာဗာတီနဲ့ လက်ထပ်ခဲ့ပါတယ်။ တရားရုံးမှာ လက်ထပ်မှတ်ပုံတင်ခဲ့ပြီး အဲ့ဒီနောက် ဒေသအတွင်းက ဘုရားကျောင်းတစ်ခုမှာ ရိုးရာဓလေ့ထုံးတမ်းနဲ့အညီပြုလုပ်ခဲ့ပါတယ်။
မင်္ဂလာဆောင်ပြီးတော့ သူတို့နှစ်ဦးဟာ တစ်ညလုံး စကားတွေပြောရင်း ကုန်ဆုံးခဲ့တယ်လို့ ဇနီးဖြစ်သူ မန်ဘာဗာတီက ပြောပါတယ်။ မနက်ရောက်တော့ ဆန်ရူရမ်ရဲ့ကျန်းမာရေးက ရုတ်တရက်ဆိုသလို ဆိုးရွားခဲ့ပါတယ်။ ဆေးရုံတင်ခဲ့ပေမဲ့ ဆရာဝန်တွေက သူ သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ မသိရပါဘူး။
အခုလိုရုတ်တရက်သေဆုံးတာက ရွာမှာ ထင်ကြေးပေးပြောဆိုမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ တချို့သူတွေက သေချိန်တန်လို့ သေတာလို့ ပြောကြပေမဲ့ တချို့ကတော့ ဒီသေဆုံးမှုက သံသယဖြစ်စရာကောင်းတယ်လို့ ဆိုကြပါတယ်။ ရဲတွေက စစ်ဆေးမေးမြန်းတာလုပ်မလုပ်၊ ရင်ခွဲစစ်ဆေးတာလုပ်မလုပ်ကိုလည်း ဒေသတွင်းမှာ မေးခွန်းထုတ်စရာတွေရှိနေပါတယ်။
Ref: 75-Year-Old Man Marries 35-Year-Old, Dies Before Honeymoon
WL (ရိုးရာလေး)

