ဘောလုံးကွင်း(၉၈)ကွင်းစာ ကျယ်ဝန်းတဲ့ တရုတ်နိုင်ငံရဲ့ လေဆိပ်သစ် ဖွင့်လှစ်

yyl-002-9.jpg

အမေရိကန်ဒေါ်လာ (၁၁)ဘီလျံ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဧရာမလေဆိပ်ကြီးကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တည်ဆောက်ထားတဲ့ ဒါရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ စတုရန်းမီတာ ၇၀၀၀၀ (ဒါမှမဟုတ်)ဘောလုံးကွင်း (၉၈)ကွင်းစာ ကျယ်ဝန်းပါတယ်။ တိန့်အန်းမင်ရင်ပြင်ရဲ့တောင်ဘက် (၂၉)မိုင်အကွာမှာ တည်ရှိတဲ့ ဒါရှင်းလေဆိပ်ကို နာမည်ကျော်ဗိသုကာပညာရှင် ဇာဟာဟာဒစ်က ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပြီး ကြယ်ငါး ပုံသဏ္ဍာန်ရှိပါတယ်။

ဒါရှင်းလေဆိပ်ဟာ အဆောက်အအုံတစ်ခုတည်းမှာ တည်ဆောက်ထားတဲ့ လေဆိပ်ဂိတ်တွေအနက် ကမ္ဘာ့အကြီးဆုံး လေဆိပ်ဂိတ် ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာ ဒါရှင်းလေဆိပ်ကို ခရီးသည် သန်း (၁၇၀)အထိ လာရောက်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ လက်ရှိအချိန်မှာတော့ ဒါရှင်းလေဆိပ်မှာ ပြေးဆွဲနေတဲ့ ပြည်တွင်းလေကြောင်းလိုင်း (၇)ခုရှိပြီး ဗြိတိန်လေကြောင်းလိုင်း၊ Cathay Pacific လေကြောင်းလိုင်းနဲ့ Finnair လေကြောင်းလိုင်းတွေကလည်း ဒါရှင်းလေဆိပ်ကို ဆိုက်ရောက်မယ့် လေကြောင်းခရီးစဉ်တွေ ကြေညာထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top