အိန္ဒိယနိုင်ငံမှာ ချားရဟတ်ထဲ မိန်းကလေးတစ်ဦးရဲ့ဆံပင်ညှပ်မိခဲ့

2.10.23-yyl-1.jpg

လူမှုကွန်ယက်ပေါ်မှာ ကြောက်စရာကောင်းတဲ့ဗီဒီယိုတစ်ခုပျံ့နှံ့လာခဲ့ပါတယ်။ အဲဒီဗီဒီယိုမှာ ဂူဂျာရတ်ဒေသရှိပွဲတော်တစ်ခုမှာ မိန်းကလေးတစ်ဦးရဲ့ဆံပင်တွေက ချားရဟတ်မှာညှပ်မိသွားတာတွေ့ရပါတယ်။ Khambhalia မြို့လေးမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဆံပင်ဖာလျားချပြီး ချားရဟတ်စီးခဲ့တဲ့ မိန်းကလေးက ချားရဟတ် ၂ပတ် လှည့်ပြီးတဲ့နောက် သူ့ဆံပင်တွေဟာ ချားရဟတ်ရဲ့တိုင်တွေထဲက တစ်ခုကြားညှပ်သွားလို့ အော်ဟစ်နေခဲ့ပါတယ်။ သူ့ ငိုသံကြားလို့ ချားရဟတ်ကို ရပ်တန့်လိုက်ရပါတယ်။

လူအနည်းငယ်က အဲဒီမိန်းကလေးကို ကယ်တင်ဖို့ ချားရဟတ်ကို တွယ်တက်သွားတာကိုလည်း မြင်တွေ့ရပါတယ်။ လူတစ်ယောက်က သူ့ရဲ့ခေါင်းကို ကိုင်ပေးထားပြီး အခြားသူတွေက သူ့ရဲ့ဆံပင်တွေကို ဓားနဲ့ဖြတ်နေတာကို တွေ့ရပါတယ်။ တချို့လူတွေက ဒီမြင်ကွင်းကို မြင်ပြီးကြောက်နေကြသလို တချို့က ဒီဖြစ်ရပ်ကို ဖုန်းနဲ့မှတ်တမ်းနေကြပါတယ်။ ရက်အတိအကျကိုတော့ မသိရပါဘူး။

တချို့လူတွေက ဒီဖြစ်ရပ်ကြောင့် ချားရဟတ်စီးရင် မိန်းကလေးတွေ ဆံပင်စည်းပြီး စီးကြဖို့ အကြံပြုထားကြသလို အိန္ဒိယနိုင်ငံက ချားရဟတ်စီးနင်းမှုအတွက် ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီးလည်း မေးခွန်းထုတ်နေကြပါတယ်။

Video ကြည့်ရှုရန်

Ref: Girl’s Hair Gets Stuck In Ferris Wheel In Gujarat. How She Was Saved

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top