စင်ကာပူဒေါ်လာ ၈၇၀၀၀၀ ကြွယ်ဝချမ်းသာပေမဲ့ ကူပွန်တွေနဲ့အခမဲ့ငွေပေးချေမှုတွေအပေါ်မှာပဲ မှီခိုစားသောက်နေထိုင်တဲ့ ဂျပန်အမျိုးသား

4.1.2025-yyl-6.jpg

ဂျပန်နိုင်ငံက အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ငွေတွေကို ချွေတာသုံးစွဲလွန်းတာကြောင့် လူမှုကွန်ယက်ပေါ်မှာ လူပြောများနေပါတယ်။

ဂျပန်စစ်တုရင်ကစားသမားဟောင်း ဟီရိုတို ခီရီတာနီဆိုတဲ့ အဲ့ဒီအမျိုးသားဟာ သူ့ငွေတွေမကုန်ပဲ အလကားရတဲ့အရာတွေပေါ်မှာ မှီခိုစားသောက်တဲ့အတွက် “God of Freebies” လို့ နာမည်ပြောင်ရထားပါတယ်။ သူဟာ ကူပွန်တွေအပါ်မှာပဲ မှီခိုစားသောက်နေထိုင်နေတာပါ။

သူဟာ သူ့ပိုက်ဆံတွေကို စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံပြီး ကုမ္ပဏီပေါင်း ၁၀၀၀ကျော်မှာ စတော့ရှယ်ယာတွေ ပိုင်ဆိုင်ထားပါတယ်။ သူဟာ ကြွယ်ဝချမ်းသာမှု စင်ကာပူဒေါ်လာ ၈၇၀၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၄ စုလောက်က ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Tokyo Securities Kyowakai ရဲ့ဝန်ထမ်းတွေကို ဂျပန်စစ်တုရင်သင်ပေးရတဲ့အချိန်မှာ စတော့ရှယ်ယာတွေမှာ စတင်ပါဝင်ကစားဖြစ်ခဲ့တာပါ။ ရင်းနှီးမြှုပ်နှံရတာကို စိတ်ဝင်စားလာခဲ့ပါတော့တယ်။ သူ အရှုံးတော့ပေါ်ခဲ့ဖူးပါတယ်။ ၁၉၈၉ ခုနှစ်မှာ Nikkei Stock Average ပြိုလဲပျက်စီးသွားတဲ့အချိန် ယန်း သန်း ၁၀၀ ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ဆက်တွဲစတော့ဈေးကွက်တွေ ပြိုလဲတော့လည်း ဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။

အဲ့ဒီဆုံးရှုံးမှုတွေကတစ်ဆင့် ရင်းနှီးမြှုပ်နှံသူအကျိုးခံစားမှုတွေအကြောင်း လေ့လာခဲ့ရပါတယ်။ အကျိုးခံစားခွင့်တွေမှာ သတ်မှတ်ထားတဲ့အမှတ်အသားထက် အမြတ်အစွန်းရှိတဲ့ ကုမ္ပဏီတွေရဲ့ရှယ်ယာရှင်တွေအတွက် ကူပွန်တွေနဲ့ ဘောက်ချာတွေထောက်ပံ့ပေးတာပါဝင်ပါတယ်။

ဂျပန်ကော်ပိုရေးရှင်းတွေရဲ့ ၅၀ ရာခိုင်နှုန်းနီးပါးက ရင်းနှီးမြှုပ်နှံသူတွေရဲ့အကျိုးခံစားခွင့်အဖြစ် တောင်းခံခဲ့ပါတယ်။ ဆုံးရှုံးမှုတွေကြုံတွေ့လာရခဲ့ပြီးတဲ့နောက်မှာ ဒီအကျိုးခံစားခွင့်ရယူတဲ့နေရာမှာ ကျွမ်းကျင်လာခဲ့ပါတယ်။

သူဟာ အဝတ်အစား၊ ဖျော်ဖြေရေးနယ်ပယ်အပါအဝင် ကုမ္ပဏီတော်တော်များများမှာ စတော့ရှယ်ယာပိုင်ဆိုင်ကတည်းက ကူပွန်အမျိုးမျိုးစုဆောင်းမိခဲ့ပါတယ်။

သူဟာ ကူပွန်တွေနဲ့ ဝယ်ယူထားတဲ့ စက်ဘီးနဲ့ ခရီးသွားတယ်။ ကူပွန်အသုံးပြုပြီးငွေရှင်းရတဲ့ စားသောက်ဆိုင်တွေမှာ စားတယ်။ တစ်နှစ်ကို အကြိမ်ရေ ၃၀၀ လာကြည့်လို့ရတဲ့ ရုပ်ရှင်ရုံအခမဲ့ဝင်ခွင့်ကူပွန်တွေတောင်ရှိပါတယ်။ သူက ကုန်စုံဆိုင်တွေ၊ Gym တွေ၊ ကာရာအိုကေခန်းတွေမှာလည်း ကူပွန်တွေ အသုံးပြုပါတယ်။ သူဟာ အိမ်ငှားခပေးတဲ့အချိန်၊ ပစ္စည်းတစ်ခုခုဝယ်လို့ ကူပွန်နဲ့မလုံလောက်တဲ့အချိန်တွေမှာပဲ သူ့ရဲ့ငွေသားတွေကို အသုံးပြုပါတယ်။

Ref: 75-Yr-Old Japanese Man Lives Solely On Coupons & Free Deals Despite Having A S$870K Net Worth

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top