ဝန်ထမ်းတွေက အလုပ်ရှင်ကို တိုယိုတာကားသစ်ကြီး လက်ဆောင် ဝယ်ပေးပြီး အံ့အားသင့်စေခဲ့

8.2.24-yyl-7.jpg

မလေးရှားနိုင်ငံ သစ်သီးရောင်းချရေးကုမ္ပဏီမှ ဝန်ထမ်းတွေက သူတို့ရဲ့အလုပ်ရှင်ကို Toyota Harrier SUV ကားသစ်ကြီးတစ်စီး လက်ဆောင်ဝယ်ပေးခဲ့ပါတယ်။ မလေးရှားနိုင်ငံ အခြေစိုက် 7272 ONG Fruits ကုမ္ပဏီပိုင်ရှင် ကျန်းဝမ်ဟွာဟာ လွန်ခဲ့တဲ့ ၄ နှစ်မှာ သစ်သီးရောင်းချရေးလုပ်ငန်းကို ဝန်ထမ်းအနည်းငယ်နဲ့ စတင်လုပ်ကိုင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ဝန်ထမ်း ၄၀ ခန့်အပ်နိုင်တဲ့အထိ လုပ်ငန်းတိုးချဲ့နိုင်ခဲ့ပါတယ်။

သူ့ရဲ့ဦးဆောင်မှုအောက်မှာ ဝန်ထမ်းတချို့က စီမံခန့်ခွဲမှုရာထူးအထိ ရာထူးကြီးလာပြီး တချို့ဆိုရင် ရှယ်ယာရှင် ဖြစ်လာခဲ့ပါတယ်။ ကျန်းဝမ်ဟွာရဲ့ အလုပ်ကြိုးစားမှု၊ ဝန်ထမ်းတွေအပေါ် ကြည့်ရှုစောင့်ရှောက်မှုကြောင့် သူ့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဝန်ထမ်းတွေက ကားသစ်ကြီး လက်ဆောင် ဝယ်ပေးခဲ့တာပါ။ ကျန်းဝမ်ဟွာရဲ့ဇနီးဖြစ်သူကလည်း ကားဝယ်ဖို့ ဝန်ထမ်းတွေနဲ့အတူ ငွေထည့်ခဲ့ပါတယ်။

ကျန်းဝမ်ဟွာကတော့ ကားသစ်ကြီး လက်ဆောင်ရလို့ အံ့အားသင့်နေပြီး ” ဝန်ထမ်းတွေက ကျွန်တော့်ကို အရမ်းကပ်စေးနည်းတယ်ထင်လို့ ကား လက်ဆောင်ပေးတာလား မသိဘူး”လို့ အရွှန်းဖောက်ခဲ့ပါတယ်။ ကျန်းဝမ်ဟွာဟာ ကုမ္ပဏီပိုင်ရှင် ဖြစ်ပေမဲ့ ကိုယ်ပိုင်ကား မစီးဘဲ ကုမ္ပဏီပိုင် ကားကိုပဲ အသုံးပြုလေ့ရှိပါတယ်။ ဝန်ထမ်းတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံတတ်ပြီး သူ့ ဝန်ထမ်းတွေ ငွေလိုတဲ့အချိန်မှာလည်း ငွေထုတ်ချေးပေးလေ့ ရှိသူပါ။

Ref: Employees Surprise Boss With New Toyota Harrier, To Show Their Gratitude

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top