ဆားရဲ့ထူးခြားလှတဲ့အသုံးဝင်ပုံများ

5616.jpg

ဆားရဲ့အသုံးဝင်ပုံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁) အိမ်သာခွက်တွေသန့်ရှင်းအောင် ဆားနဲ့ဆေးပေးပါ။

(၂) ငါးကြေးခွံမချွတ်ခင်မှာ ဆားနဲ့သုတ်လိမ်းပေးပါ။

(၃) ပစ္စည်းတင်သောစင်တွေ ပုရွက်ဆိတ်မလာအောင် ဆားဖြူးပေးပါ။

(၄) လက်ကိုင်ပဝါတွေစွန်းထင်းသွားရင် မလျှော်ဖွပ်ခင်မှာ ဆားနဲ့စိမ်လိုက်ပါ။

(၅) ဆလပ်ခင်းတွေမှာ ဆားဖြန်းပေးပါက ပိုပြီးကြီးထွားလာပါလိမ့်မယ်။

(၆) ကြက်ဥ၊ ဘဲဥတွေကို ဆားရေစိမ်လိုက်ပါက မကောင်းတဲ့အလုံးတွေက ရေပေါ်ကို ပေါ်လာပါလိမ့်မယ်။

(၇) အသားကင်တဲ့ တုတ်ချောင်းတွေ သန့်ရှင်းအောင် ဆားနဲ့ပွတ်ပေးပါ။

(၈) သွားတွေမှာ လက်ဖက်ရည်ချိုးကပ်နေပါက ဆားနဲ့သွားတိုက်ပေးပါ။

(၉) ကြမ်းပြင်ပေါ်မှာ ကြက်ဥ၊ ဘဲဥတွေ ကျကွဲရင် ဆားပုံလိုက်ပါ။ အဲဒီနောက် အဝတ်နဲ့သုတ်လိုက်ပါက သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top