ကမ္ဘာတစ်လွှားက အလှပဆုံးသောရဲတိုက်များ

castle_germany.jpg

Neuschwanstein ရဲတိုက် (ဂျာမနီ)

စာဖတ်သူတို့အနေနဲ့ စာအုပ်တွေ၊ ပြဇာတ်တွေနဲ့ ရုပ်ရှင်တွေထဲမှာ သေသပ်ခမ်းနားတဲ့ဗိသုကာလက်ရာတွေနဲ့ထုံမွှမ်းတည်ဆောက်ထားတဲ့ ရဲတိုက်ကြီးတွေကို မြင်ဖူးကြပါလိမ့်မယ်။ အဲဒီခေတ်ဟောင်းအဆောက်အဦကြီးတွေထဲကိုရောက်သွားခဲ့သူတစ်ဦးအနေနဲ့ကတော့ ဆွတ်ပျံ့ကြည်နူးဖွယ်၊ အံ့သြမင်သက်ဖွယ်ကောင်းတဲ့အတိတ်ရဲ့အငွေ့အသက်ကို ခံစားမိမှာအမှန်ပါပဲ။

“ရဲတိုက်တွေဟာ နန်းတော်တွေ၊ ခံတပ်တွေနဲ့မတူဘဲ ပိုပြီးစိတ်ဝင်စားစရာကောင်းတယ်” လို့ စာရေးဆရာ Marc Morris က ဆိုခဲ့ဖူးပါတယ်။ ရဲတိုက်တွေဟာ သမိုင်းတွင်ခဲ့တဲ့အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့ရာအဆောက်အဦတွေဖြစ်သလို တော်ဝင်အခမ်းအနားတွေကျင်းပခဲ့ရာနဲ့ တော်ဝင်မျိုးဆက်တွေမွေးဖွားကြီးပြင်းခဲ့ကြရာနေရာတွေလည်းဖြစ်ပါတယ်။ လက်နက်လူသူအင်အားသုံးသိမ်းပိုက်ကြီးစိုးခဲ့မှုတွေအကြောင်းနဲ့ ဓနအင်အားကြွယ်ဝကျော်စောသူရဲတိုက်ပိုင်ရှင်တို့ရဲ့အကြောင်းကိုလည်း စူးစမ်းလို့ရမယ့်နေရာတွေပါ။

ဒါကြောင့် မျက်စိပသာဒဖြစ်စေရုံသာမကဘဲ အတိတ်ကာလကို မှန်းဆမြင်ယောင်မိလာစေအောင် ခမ်းနားထည်ဝါလှတဲ့ ကမ္ဘာတစ်လွှားကရဲတိုက်ကြီးတွေရဲ့အကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

Neuschwanstein ရဲတိုက် (ဂျာမနီ)

Neuschwanstein ရဲတိုက် (ဂျာမနီ)

၁။ Neuschwanstein ရဲတိုက် (ဂျာမနီ)

ဘာဘရီယန်တွေရဲ့ ပြောင်မြောင်တဲ့ဖန်တီးမှုတစ်ခုဖြစ်တဲ့ ဒီရဲတိုက်ကြီးဟာ ဗိသုကာလက်ရာပိုင်းမှာ ဂျာမနီမှာရှိသမျှရဲတိုက်တွေအားလုံးထက်သာလွန်နေပါတယ်။ ၁၈၈၀ ခုနှစ်၊ ဘုရင် လက်ဒ်ဝစ်ဂ် ၂ (Ludwig II) လက်ထက်မှာတော့ မွမ်းမံပြင်ဆင်မှုတွေပြုလုပ်ခဲ့ပြီး Disneyland မှာရှိတဲ့ Sleeping Beauty ရဲတိုက်နဲ့ ပုံစံချင်းဆင်တူပါတယ်။ “Chitty Chitty Bang Bang” နဲ့ “The Great Escape” ရုပ်ရှင်တွေထဲမှာလည်း ဒီရဲတိုက်ကြီးကိုတွေ့နိုင်မှာပါ။

Alcázar of Segovia ရဲတိုက် (စပိန်)

Alcázar of Segovia ရဲတိုက် (စပိန်)

၂။ Alcázar of Segovia ရဲတိုက် (စပိန်)

ဥရောပတိုက်တစ်လွှား အထင်ရှားဆုံးရဲတိုက်တွေထဲကတစ်ခုဖြစ်တဲ့ Alcázar ရဲတိုက်က ထုထည်ပါးလျပြီး ကျောက်သားကုန်ူမြင့်အငူတစ်ခုပေါ်မှာတည်ဆောက်ထားတာပါ။ ခံတပ်တစ်ခုအဖြစ်ကနေ ရဲတိုက်ပုံစံပေါ်လာတဲ့အထိ အဆင့်ဆင့်မွမ်းမံတည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။ ဘုရင်မ အစ္စဘယ်လာ (Isabella) နဲ့ တန်ခိုးသြဇာကြီးမားခဲ့တဲ့ ဘုရင် ဖိလစ်ပ် ၂ (Phillips II) တို့ မက်ဒရစ်မြို့ကိုမပြောင်းရွှေ့ခင်နေထိုင်ခဲ့ကြတဲ့စံအိမ်အဖြစ်လည်း လူသိများပါတယ်။

Pena နန်းတော် (ပေါ်တူဂီ)

Pena နန်းတော် (ပေါ်တူဂီ)

၃။ Pena နန်းတော် (ပေါ်တူဂီ)

ပေါ်တူဂီနိုင်ငံ စင်ထရာမြို့အနီးမှာရှိနေတဲ့ Pena နန်းတော်ကို ၁၉ ရာစုကာလ၊ ဘုရင် ဖာဒီနန် ၂ (Ferdinand II) လက်ထက်မှာတည်ဆောက်ခဲ့တာပါ။ နန်းတော်တစ်ခုလုံးကို Gothic, Moorish လို ရှေးမူဟန်လက်ရာတွေနဲ့ ထုံမွှမ်းဖန်တီးထားလို့ ဝင့်ကြွားဖွယ်ရာ ဗိသုကာလက်ရာပြယုဂ်တစ်ခုဖြစ်ပါတယ်။

Château de Chambord ရဲတိုက် (ပြင်သစ်)

Château de Chambord ရဲတိုက် (ပြင်သစ်)

၄။ Château de Chambord ရဲတိုက် (ပြင်သစ်)

ဘုရင် ဖရန့်စစ် ၁ (François I) အမဲလိုက်ထွက်စဉ် နားနေရာအဆောက်အဦအဖြစ်သုံးဖို့ (၁၆) ရာစုအစောပိုင်းကစတင်တည်ဆောက်ခဲ့ပြီး (၂၈) နှစ်ကြာမှ အပြီးသတ်နိုင်ခဲ့တဲ့ရဲတိုက်တစ်လုံးပါ။ သက်တမ်း နှစ် (၅၀၀) ပြည့်တဲ့အထိမ်းအမှတ်အခမ်းအနားကို ဒီနှစ်ထဲမှာကျင်းပသွးာဖို့ရှိပြီး ဒီရဲတိုက်ရဲ့ကြောင်လိမ်လှေကားအတွက်ပုံစံထုတ်ပေးခဲ့သူဟာ လီယိုနာဒိုဒါဗင်ခီ ဟုတ်၊ မဟုတ် ရှင်းလင်းတင်ပြမယ့်အစီအစဉ်ကိုလည်း ထည့်သွင်းပြုလုပ်မယ်လို့ဆိုထားပါတယ်။

Bodiam ရဲတိုက် (အင်္ဂလန်)

Bodiam ရဲတိုက် (အင်္ဂလန်)

၅။ Bodiam ရဲတိုက် (အင်္ဂလန်)

အရှေ့ဆက်ဆပ်ဇ် (East Sussex) စီရင်စုက Bodiam ရဲတိုက်ဟာ ရှေးမှတ်တမ်းစာအုပ်တွေကြောင့် သူ့ထက်အရွယ်အစားပိုကြီးမားတဲ့ ဝင်ဆာ (Windsor) လိုရဲတိုက်နဲ့ သမိုင်းမှာအထင်ကရရှိခဲ့တဲ့ လန်ဒန်မျှော်စင်လိုအဆောက်အဦတွေထက် ပိုနာမည်ကျော်ရတာဖြစ်ပါတယ်။ ၁၃၈၅ ခုနှစ်တုန်းက တော်ဝင်သူရဲကောင်းတစ်ဦးရဲ့ခံတပ်အဖြစ်သုံးခဲ့တဲ့ဒီရဲတိုက်ကြီးမှာ မျှော်စင် (၉) ခုပါတဲ့နံရံထူကြီး၊ ကျုံးကိုဖြတ်ကူးဖို့သစ်သားတံတားတစ်စင်းနဲ့ အပန်းဖြေရာရင်ပြင်ကျယ်တွေကိုလည်း ထည့်သွင်းတည်ဆောက်ထားပါတယ်။

Predjama ရဲတိုက် (ဆလိုဗေးနီးယား)

Predjama ရဲတိုက် (ဆလိုဗေးနီးယား)

၆။ Predjama ရဲတိုက် (ဆလိုဗေးနီးယား)

Predjama ရဲတိုက်ကိုတည်ဆောက်ထားပုံက အတော်လေးထူးဆန်းအံ့ဖွယ်ကောင်းပါတယ်။ မတ်စောက်တဲ့ချောက်ကမ်းပါးစွန်းပေါ်က ကျောက်သားလိုဏ်ဂူတစ်ခုရဲ့အဝမှာ ဘာကြောင့် ခဲရာခဲဆစ်ဆောက်ခဲ့ကြတာလဲဆိုတာတော့ နားမလည်နိုင်စရာပါ။

The lofty setting made it virtually impregnable when it was constructed in the 13th century. (၁၃) ရာစုခေတ်လက်ရာရဲတိုက်တစ်ခုဖြစ်ပြီး Ljubljana မြို့ကနေ (၃၈) မိုင်အကွာမှတည်ာရှိပါတယ်။ သိမ်းပိုက်လိုသူတွေက အကြိမ်ပေါင်းများစွာလာရောက်တိုက်ခိုက်ခဲ့စဉ်ကာလမှာ ခုခံကကာကွယ်သူတွေအသုံးပြုခဲ့တဲ့လျှို့ဝှက်လမ်းကိုလည်း ဒီနေ့အထိတွေ့နိုင်ပါတယ်။

Castello Aragonese ရဲတိုက် (အီတလီ)

Castello Aragonese ရဲတိုက် (အီတလီ)

၇။ Castello Aragonese ရဲတိုက် (အီတလီ)

Castello Aragonese ရဲတိုက်ကို ဘီစီ (၅) ရာစုကတည်းကတည်ဆောက်ခဲ့တာဖြစ်လို့ အခုစာရင်းထဲမှာသက်တမ်းအရင့်ဆုံးရဲတိုက်လို့ဆိုရမှာပါ။ ဒီရဲတိုက်ကြီးပေါ်ကနေကြည့်ရင် နေပယ်လ်ပင်လယ်အော်ကို အထက်စီးကနေမြင်နိုင်ပါတယ်။ ရောမစစ်သည်တွေကစလို့ နပိုလီယန်ရဲ့ စစ်တပ်တွေထိ ဒီရဲတိုက်မှာ တပ်စွဲခဲ့ကြဖူးပါတယ်။ လက်ရှိမှာတော့ ဒီရဲတိုက်ကို ၁၉၁၂ ခုနှစ်ကကျွန်းတစ်ခုလုံးကိုအပြတ်ဝယ်ယူခဲ့တဲ့ အီတလီဥပဒေပညာရှင်နဲ့မိသားစုကပိုင်ဆိုင်ထားပြီး အဆောက်အဦများစွာကိုလည်း ထပ်မံတည်ဆောက်မွမ်းမံထားပြီဖြစ်ပါတယ်။

Prague ရဲတိုက် (ချက်)

Prague ရဲတိုက် (ချက်)

၈။ Prague ရဲတိုက် (ချက်)

Prague ရဲတိုက်ကတော့ အရင်ကခံတပ်တစ်ခုဖြစ်ခဲ့ပြီး လက်ရှိမှာ ချက်သမ္မတနိုင်ငံရဲ့ သမ္မတအိမ်တော်ဖြစ်ပါတယ်။ နိုင်ငံရေးသြဇာကိုပိုင်ဆိုင်ထားဆဲရဲတိုက်အနည်းငယ်ထဲမှာလည်း တစ်ခုအပါအဝင်ပါ။ ရဲတိုက်ရဲ့ပရဝုဏ်ထဲမှာ St Vitus Cathedral ဘုရားကျောင်း၊ the Old Royal Palace တော်ဝင်နန်းတော်ဟောင်း၊ ပန်းခြံ (၁၀) ခုအပြင် Golden Lane လို့ခေါ်တဲ့ ရဲတိုက်အစောင့်တွေနေထိုင်ရာ (၁၆) ရာစုခေတ်ဟန်အဆောက်အဦငယ်တွေလည်း ပါဝင်နေပါတယ်။

Schloss Vianden ရဲတိုက် (လူဇင်ဘာ့ဂ်)

Schloss Vianden ရဲတိုက် (လူဇင်ဘာ့ဂ်)

၉။ Schloss Vianden ရဲတိုက် (လူဇင်ဘာ့ဂ်)

မြို့စားရဲ့ဆန္ဒအရတည်ဆောက်ခဲ့တဲ့ လူဇင်ဘာ့ဂ်နိုင်ငံတစ်လွှားက ရဲတိုက်ငယ်ပေါင်း (၅၀) ကျော်ထဲမှာတော့ လူဇင်ဘာ့ဂ်နိုင်ငံမြောက်ပိုင်းမြစ်ကမ်းနဖူးပေါ်မှာရှိတဲ့ Schloss Vianden ရဲတိုက်က အထင်ရှားဆုံးဖြစ်ပါတယ်။ (၁၁) ရာစုနဲ့ (၁၄) ရာစုအကြားကာလမှာတည်ဆောက်ခဲ့တာပါ။ ဒီရဲတိုက်ရဲ့ ရောမဟန်တွေစွက်နေတဲ့ Gothic နဲ့ Renaissance ဟန်ဗိသုကာလက်ရာတွေကလည်း ၁၉၇၇ ခုနှစ်ထိအောင်တည်တံ့ခဲ့ပါတယ်။

The Grand Master of the Knights of Rhodes နန်းတော် (ဂရိ)

The Grand Master of the Knights of Rhodes နန်းတော် (ဂရိ)

၁၀။ The Grand Master of the Knights of Rhodes နန်းတော် (ဂရိ)

ကနဦးကာလမှာ ခံတပ်အဖြစ်သုံးဖို ရည်ရွယ့်တည်ဆောက်ခဲ့တာဖြစ်ပြီး စိန့်ဂျွန် (St John) ရဲ့ဘာသာရေးစစ်သည်တော်တွေက ရဲတိုက်တစ်လုံးအဖြစ် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့ဲကြတာပါ။ Dodecanese ကျွန်းစုတွေကို အီတလီကကြီးစိုးထားစဉ်အချိန်ကတော့ ဒီရဲတိုက်ဟာ မူဆိုလီနီရဲ့အားလပ်ရက်အပန်းဖြေစံအိမ်ဖြစ်ခဲ့ဖူးပါတယ်။ အခုထိတည်တံ့နေဆဲဗိသုကာလက်ရာတွေ ရှေးဂရိလူမျိုးတွေနဲ့ ခရစ်ယာန်သာသနာပြန့်ပွားစဉ်ကာလရဲ့အမွေအနှစ်တွေအဖြစ်နဲ့ ရှိနေဆဲဖြစ်ပါတယ်။

Ref: CNN “World’s most beautiful castles”

Team (ရိုးရာလေး)

www.yoyarlay.com

#TH_yyl #Travel_yyl #Knowledge_yyl #Castles

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top