ဗိုက်အဆီတွေဖယ်ရှားချင်ရင် ဒီဖျော်ရည်တွေကို ညဘက်သောက်ပေးပါ

yyl-017-5.jpg

ကိုယ်အလေးချိန် ချနေတဲ့သူတွေအတွက် အစာရှောင်ရတာ၊ လေ့ကျင့်ခန်းလုပ်ရတာတွေက အရမ်းခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် ဗိုက်ကအဆီတွေကို ဖယ်ရှားဖို့ကလည်း သူတို့ကို စိန်ခေါ်လို့နေပါတယ်။ မိန်းကလေးတော်တော်များများက ဗိုက်အဆီရှိနေရင် အဝတ်အစားဝတ်ရတာလည်း အဆင်မပြေမဖြစ်လို့နေပါတယ်။ အဲဒီလိုပြဿနာတွေကို ဖြေရှင်းချင်ရင်တော့ အိပ်ရာမဝင်ခင် သောက်ပေးတဲ့ဖျော်ရည်တွေရှိပါတယ်။ ဒီသောက်စရာတွေက သင့်ရဲ့ဇီဝဖြစ်စဉ်အားကောင်းစေပြီး အဆီတွေကိုလည်း အလျင်အမြန်လောင်ကျွမ်းပေးပါတယ်။ ဗိုက်အဆီတွေကို အလျင်အမြန်လောင်ကျွမ်းပေးတဲ့ ဖျော်ရည်တွေက ဘာတွေလည်းဆိုတာ ကြည့်လိုက်ရအောင်..။

သခွားသီး၊ သံပုရာသီး နဲ့ ပူစီနံတို့ရောစပ်ထားတဲ့ဖျော်ရည်

ဒီဖျော်ရည်အတွက် ပါဝင်ပစ္စည်းတွေကို ခက်ခက်ခဲခဲကြီး ရှာစရာမလိုပါဘူးနော်။ သင် ဈေးထဲရောက်တာနဲ့ အလွယ်တကူဝယ်လို့ရတဲ့ ပစ္စည်းတွေပါပဲ။ သခွားသီး၊ သံပုရာသီးနဲ့ ပူစီနံတို့ကို ရောနှောထားတဲ့ဒီဖျော်ရည်က ဗိုက်ကအဆီတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။

ပါဝင်ပစ္စည်းများ

– သခွားသီး (အခွံခွာပြီး စိပ်ထားပါ)
– သံပုရာရည်အနည်းငယ်
– ပူစီနံအနည်းငယ်
– ရေတစ်ခွက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ရောနှောပြီး ဖျော်ရည်ဖြစ်သွားအောင် ဖျော်စက်ထဲထည့်လိုက်ပါ။ ပြီးရင် သင့်သောက်နိုင်သလောက် ရေပမာဏကို ရောထည့်လိုက်ရုံပါပဲ။
ဒီသောက်စရာမှာ ပါဝင်တဲ့ပါဝင်ပစ္စည်းတွေက အဆီကိုလောင်ကျွမ်းစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ သခွားသီးက အဆီဓာတ်မပါဝင်တဲ့အပြင် ကယ်လိုရီပမာဏ အရမ်းနည်းပါတယ်။ အမျှင်ဓာတ်ပါဝင်မှုမြင့်မားတာကြောင့် ဖောရောင်ခြင်းကို တိုက်ဖျက်ပေးနိုင်တယ်လို့လည်း သိကြပါတယ်။ ဒါ့အပြင် ပူစီနံက သဘာဝအလျောက် ဆီးရွှင်စေတဲ့အတွက် ဆီးအောင့်ခြင်းကိုလည်း တိုက်ဖျက်ပေးသလို ဗီတာမင် အေ၊ ဘီ၊ စီဓာတ်တွေလည်းပါဝင်ပါတယ်။ အဲဒီအရည်ထဲကို သံပုရာသီးထည့်တာက အရသာကို ပိုကောင်းစေတဲ့အပြင် အစာခြေစနစ်ကိုလည်း အားကောင်းစေတဲ့အတွက် ဝမ်းဗိုက်ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဗိုက်ကအဆီတွေကို ဖယ်ရှားချင်ရင် ထမင်းစားပြီး ညတိုင်းသောက်ပေးသင့်ပါတယ်။

ဂျင်းပြုတ်ရည်

ဂျင်းပြုတ်ရည်ပူပူလေးတစ်ခွက်က ဗိုက်အဆီကိုဖယ်ရှားပေးတဲ့အပြင် ထမင်းစားပြီးနောက် ဗိုက်ပြည့်အင်ခြင်းကို သက်သာစေပါတယ်။ ဂျင်းက အစာအိမ်ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ လူတိုင်းသိထားကြပါတယ်။ ကိုယ်အလေးချိန်ချနေတဲ့သူတွေအတွက်က ဂျင်းပြုတ်ရည်က မရှိမဖြစ်ပါပဲ။

ပါဝင်ပစ္စည်းများ

– ချင်း (ခြစ်ထားတဲ့ချင်းကို စားပွဲတင်ဇွန်း တစ်ဝက်)
– ရေ (၁) ခွက်
– ပျားရည် (စားပွဲတင်ဇွန်း (၁) ဇွန်း)
– သံပုရည်ရည် (စားပွဲတင်ဇွန်း (၁) ဇွန်း)
ရေပွက်ပွက်ဆူထဲကို ခြစ်ပြီးသားချင်းတွေကို ထည့်လိုက်ပြီး အနည်းဆုံး (၁၀) မိနစ်လောက် စိမ်ထားလိုက်ပါ။ အဲဒီနောက် ညတိုင်း သောက်သုံးပေးလို့ရပါပြီ။

Ref: The best bedtime drinks to get rid of belly fat!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top