ရက်လွန်သွားတဲ့ ပစ္စည်းတွေကို လွှင့်ပစ်မယ့်အစား ပြန်အသုံးပြုနိုင်မယ့်နည်းလမ်းများ

27-1-2021-yyl-33.jpg

တချို့ပစ္စည်းတွေ Expired Date ကုန်သွားရင် လွှင့်ပစ်လိုက်ရမှာ နှမြောကြတယ်မလား။ Expired Date ကုန်သွားရင်တောင် လွှင့်ပစ်စရာမလိုဘဲ ကောင်းတဲ့နေရာတွေမှာ ပြန်ပြီးအသုံးပြုလို့ရတဲ့ ပစ္စည်းတွေရှိပါတယ်။ အဲဒီပစ္စည်းတွေနဲ့ အသားရေထိန်းသိမ်းလို့ရတဲ့အပြင် အခြားအသုံးဝင်တဲ့နေရာတွေမှာလည်း အသုံးပြုလို့ရပါတယ်။ ဘယ်လို ပစ္စည်းမျိုးတွေက Expired ကုန်သွားရင်တောင် အမှိုက်ပုံထဲရောက်မယ့်အစား ဘယ်လိုနေရာတွေမှာ အသုံးပြုလို့ရလဲဆိုတာကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

ထောပတ်သီး

ထောပတ်သီးအမှည့်လွန်းသွားလို့ စားမရတော့ဘူးဆိုရင် လွှင့်မပစ်လိုက်ပါနဲ့။ သင့်ဆံပင်အတွက် အသုံးပြုလို့ရပါတယ်။ အမှည့်လွန်းပြီး မကောင်းတော့တဲ့ ထောပတ်သီးတွေက ရေဓာတ်ဖြည့်ပေးနိုင်စွမ်းရှိပါတယ်။ ထောပတ်သီးကို မွှချေလိုက်ပြီး ခြောက်သွေ့တဲ့ဆံပင်တွေမှာ သုတ်လိမ်းပြီး အနည်းဆုံး (၆) နာရီလောက် ထားလိုက်ပါ။ အဲဒီနောက် သင် အသုံးပြုနေကျ ခေါင်းလျှော်ရည်၊ ပျော့ဆေးတို့နဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။ အစပိုင်းမှာတော့ သင့်ဆံပင်က ခြောက်သွေ့နေသလို ဖြစ်နေပေမဲ့ (၂) ကြိမ်လောက် ခေါင်းလျှော်ပြီးသွားရင် ဆံသားတွေက နူးညံ့တောက်ပနေပါလိမ့်မယ်။

မျက်နှာပေါင်းတင်ကပ်ခွာ

Face Mask တွေ မသုံးဖြစ်ဘဲ ဒိတ်အောက်သွားရင် မျက်နှာမှာ အသုံးပြုလို့မကောင်းတော့ပါဘူး။ အဲဒီလိုဖြစ်သွားရင် လွှင့်မပစ်ဘဲ ခြောက်သွေ့ပြီး ကွဲအပ်နေတဲ့ခြေထောက်အတွက် အသုံးပြုလို့ရပါတယ်။

Moisturizer နဲ့ Cleaning Milk

ရက်လွန်သွားတဲ့ moisturizer နဲ့ cleaning milk တို့ကို လွှင့်မပစ်ဘဲ ပိုက်ဆံအိတ်တွေကို သန့်စင်တဲ့အခါ အသုံးပြုလို့ရပါတယ်။ Moisturizer နဲ့ Cleaning Milk တို့ကို အဝတ်စနဲ့ယူပြီး ပိုက်ဆံအိတ်တွေကို သန့်စင်ပေးရုံပါပဲ။

နွားနို့

ပျက်စီးသွားတဲ့နွားနို့ကိုလည်း အခြားနေရာတွေမှာ အသုံးပြုလို့ရပါတယ်။ ချိစ်လုပ်တဲ့အခါ၊ မုန့်ဖုတ်တဲ့အခါမျိုးမှာ အသုံးပြုလို့ရပါတယ်။ မျက်နှာပေါင်းတင်လို့လည်းရပါတယ်။ မကောင်းတော့တဲ့ နွားနို့ကို မျက်နှာတစ်ပြင်လုံးမှာ လိမ်းထားပြီး အနည်းငယ်ကြာရင် မျက်နှာသစ်ပေးလိုက်ရုံပါပဲ။ အနံ့ကတော့ မကောင်းပေမဲ့ နွားနို့မှာပါဝင်တဲ့ lactic acid က အသားရေအတွက် ကောင်းပါတယ်။

မုတ်ဆိတ်ရိတ်လိမ်းခရင်မ်

မုတ်ဆိတ်ရိတ်လိမ်းခရင်မ်ကလည်း ရက်လွန်သွားသွားတဲ့အခါ အခြားနေရာတွေမှာပြန်သုံးလို့ရပါတယ်။ ဖုန်မှုန့်အညစ်ကြေးတွေသန့်စင်တဲ့နေရာမှာ အသုံးဝင်ပါတယ်။ သင့်လက်သည်းကြားက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးလို့ရပါတယ်။ ခရင်မ်အနည်းငယ်ကို လက်သည်းကြားထဲထည့်ပြီး သွားကြားထိုးတံနဲ့ သန့်စင်ပေးလိုက်လို့ရပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးမှာ ကြေးချွတ်ဆေးပါဝင်တဲ့အတွက် ကောဇောက အစွန်းအထင်အညစ်အကြေးတွေကို ဖယ်ရှားတဲ့အခါ အကူအညီပေးနိုင်ပါတယ်။ နံရံပေါ်မှာ ရောင်စုံခဲတံနဲ့ဆွဲထားတဲ့ပုံတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဖုန်းမျက်နှာပြင်သန့်စင်တဲ့အခါမှာလည်း သွားတိုက်ဆေးကို အသုံးပြုပေးလို့ရပါတယ်။ ဒါကြောင့် ရက်လွန်နေတဲ့ သွားတိုက်ဆေးတွေကို လွှင့်မပစ်ပါနဲ့။

Eye liner နဲ့ Lip liner

ရက်လွန်သွားတဲ့မိတ်ကပ်ပစ္စည်းတွေကို မျက်လုံးနဲ့နှုတ်ခမ်းမှာ အသုံးပြုဖို့မဖြစ်နိုင်ဘူးဆိုရင် လွှင့်မပစ်ပါနဲ့။ ရောင်စုံခဲတံအနေနဲ့ စာအုပ်တွေမှာ စာလုံးတွေနဲ့ စာကြောင်းတွေကို မျဉ်းတားလို့ရပါတယ်။

Ref: Ways to Use Expired Products Instead of Throwing Them Away
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top