ရောဘတ်ပတ်တင်ဆန်ကို လက်ထပ်ဖို့အထိ စဉ်းစားခဲ့ဖူးတယ်ဆိုတဲ့ ခရစ္စတင်းစတီးဝပ်

yyl-020-5.jpg

နာမည်ကြီးရုပ်ရှင်ကား “Twilight” က မြန်မာပရိသတ်တွေ အထူးနှစ်ခြိုက်ခဲ့ရတဲ့ ကားကောင်းတစ်ကားပါပဲ။ အဲဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ရောဘတ်ပတ်တင်ဆန် နဲ့ ခရစ္စတင်းစတီးဝပ်တို့ကလည်း အများအားကျခဲ့ရတဲ့ လိုက်ဖက်တဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့ပါတယ်။ သူတို့စုံတွဲက အဲဒီဇာတ်ကားမှာ အတူတူပါဝင်ခဲ့ပြီးတဲ့နောက်မှာ ချစ်သူတွေဖြစ်ခဲ့ကြတာပါ။ သူတို့နှစ်ယောက်က နှစ်အကြာကြီးတွဲခဲ့ပြီးတဲ့နောက်မှာ လမ်းခွဲခဲ့ကြပါတယ်။ အခုတော့ သူတို့နှစ်ယောက်က ချစ်သူကိုယ်စီနဲ့ဖြစ်နေပါပြီ။

မကြာသေးခင်ကမှ အင်တာဗျူးတစ်ခုမှာ ခရစ္စတင်းစတီးဝပ်က သူ့ရည်းစားဟောင်း ရောဘတ်ပတ်တင်ဆန်အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ခရစ္စတင်းစတီးဝပ်က သူတို့ရဲ့ Relationship သာအဆုံးမသတ်ခဲ့ရင် သူတို့နှစ်ယောက် လက်ထပ်ဖြစ်ခဲ့ကြမှာလို့ ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက်က ပတ်ဝန်းကျင်က ဝင်စွပ်ဖက်မှုတွေပါလာတာကြောင့် အခုလိုအဆုံးသတ်ခဲ့ရတယ်လို့ ခရစ္စတင်းက ဆိုပါတယ်။ ဒါ့အပြင် ရောဘတ်ပတ်တင်ဆန်က သူ့ရဲ့အချစ်ဦးဖြစ်တဲ့အကြောင်းကို “ကျွန်မတို့ နှစ်အကြာကြီးအတူတူရှိခဲ့ကြပါတယ်။ ဒါက ကျွန်မရဲ့အချစ်ဦးပါ။ သူက အကောင်းဆုံးပါပဲ” လို့ ဖွင့်ဟခဲ့ပါတယ်။

အင်တာဗျူးမှာ အဲဒီအချိန်တုန်းက ရောဘတ်က လက်ထပ်ခွင့်တောင်းခံခဲ့ရင် လက်ခံခဲ့မှာလားလို့ ခရစ္စတင်းကို မေးမြန်းခဲ့တဲ့အခါမှာ သူက “ကျွန်မမသေချာဘူး။ ဒါပေမဲ့ အဲဒီအချိန်တုန်း လက်ထပ်ချင်ခဲ့ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

လက်ရှိမှာ ခရစ္စတင်းစတီးဝပ်က ဇာတ်ညွှန်းဆရာမ ဒါလန် မီယာ (Dylan Meyer) နဲ့ တွဲနေပြီး ရောဘတ်ပတ်တင်ဆန်ကတော့ ဆူကီ ဝါတာဟောက်စ် (Suki Waterhouse) နဲ့ ၂၀၁၈ခုနှစ်ကတည်းက ချစ်သူတွေဖြစ်နေပါတယ်။

Ref: Kristen Stewart considered marrying Robert Pattinson

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top