Southeast Asia Security အစည်းအဝေးကျင်းပနေတဲ့ဘန်ကောက်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွား

16800166-0-image-a-2_1564726523897.jpg

ဘန်ကောက်မြို့ရဲ့နေရာသုံးနေရာမှာ ဗုံး (၆) လုံးပေါက်ကွဲမှုကြောင့် အနည်းဆုံးလူ (၄) ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်၊ တရုတ် နဲ့ အခြားနိုင်ငံတွေက ကမ္ဘာခေါင်းဆောင်များနဲ့ သံတမန်များ တက်ရောက်တဲ့ Southeast Asian security အစည်းအဝေးပွဲ ကျင်းပနေတာလည်းဖြစ်ပါတယ်။

ပထမဆုံးအသေးစားပေါက်ကွဲမှုကို ဘန်ကောက်မြို့လယ်ရဲ့ နေရာနှစ်နေရာမှာ ဒေသစံတော်ချိန် မနက် (၉) နာရီ မတိုင်ခင်မှာ ကြားခဲ့ရပါတယ်။ တတိယပေါက်ကွဲမှုကို ဝန်ကြီးတော်တော်များများ အစည်းအဝေးပွဲကိုတက်ရောက်တဲ့ဲဲပြီးတဲ့နောက် မြို့တော်ရဲ့ြမောက်ဘက်ခြမ်းမှာ အချိန်ခဏလေး ကြားခဲ့ရတာဖြစ်ပါတယ်။

အခုလို ဗုံးပေါက်ကွဲမှုကြောင့် လူ (၄) ဦး ဒဏ်ရာရရှိခဲ့ပေမယ့်လည်း အရမ်းကြီးမပြင်းထန်ဘူးလို့ သိရပါတယ်။ (၄) ဦးထဲက (၃) ဦးက လမ်းမပေါ်မှာ သန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသမီးတွေဖြစ်ပါတယ်။ သူတို့တွေက မူးဝေမှုတွေဖြစ်သွားတဲ့အတွက် ဆေးကုသမှုတွေ ခံယူနေပါတယ်။

အခြားဒဏ်ရာရရှိသူက (၇၇) ထပ်ရှိတဲ့ အဆောက်အဦး King Power Mahanakhon အနီးနားမှာ ပေါက်ကွဲမှုကြောင့်ဖြစ်ပါတယ်။ Reuter သတင်းကတော့ စုစုပေါင်း ဗုံး (၆) လုံးပေါက်ကွဲခဲ့တာဖြစ်တာဖြစ်ပြီး တစ်လုံးကတော့ မပေါက်ကွဲခင် တားစီးလိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Ref: Six bomb blasts rock Bangkok injuring at least four as top diplomats including Mike Pompeo meet in the city
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top