ပထမဆုံး ရှုံးပွဲကြုံခဲ့တဲ့ စောအယ်ကလူ

67403328_486298658839819_428042578227625984_n.jpg

ဩဂုတ်လ (၂) ရက်နေ့ မန္တလေးမြို့ရဲ့ မန္တလာသီရိအားကစားရုံမှာကျင်းပတဲ့ WLC-9: King of Nine limbs လက်ဝှေ့ပြိုင်ပွဲရဲ့အဖွင့်တွဲဆိုင်း စောအယ်ကလူ (ကညောသွီ) နဲ့ စောလင်းလင်းတို့ ပွဲစဉ်မှာတော့ စောလင်းလင်းက အမှတ်နဲ့အနိုင်ရသွားခဲ့ပါတယ်။

ဘက်တူတဲ့ တက်လူတွေရဲ့ပွဲစဉ်မှာ ဒီထက်ပိုပြီး ပါဝါကောင်းရင် စိတ်လှုပ်ရှားစရာ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ စောအယ်ကလူက စစချင်း တိုက်စစ်ဖွင့်ပေမဲ့ ဟာကွက်များခဲ့ပြီး စောလင်းလင်းကတော့ ကောင်တာကစားခဲ့ပါတယ်။ အမြင့်ကန်ချက်တွေ အားသန်တဲ့ စောအယ်ကလူဟာ ပါဝါနည်းနေခဲ့သလို စောလင်းလင်းကတော့ အကွက်စေ့စေ့နဲ့ အမှားစောင့်ထိုးသတ်ခဲ့ပါတယ်။ (၄) ချီပြီးလို့ အမှတ်နဲ့ ဆုံးဖြတ်ချိန်မှာ စောလင်းလင်းက အနိုင်ရခဲ့ပါတယ်။အရင်တုန်းက (၇) ပွဲထိုး၊ (၆) ပွဲနိုင်၊ (၁) ပွဲသရေနဲ့ ရှုံးပွဲမရှိခဲ့တဲ့ စောအယ်ကလူအတွက်တော့ ပထမဆုံးရှုံးပွဲ ဖြစ်ခဲ့ပါတယ်။

Photos – TH
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top