ဒေါ်လာ ၁၅ သန်းတန် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ နွားမွေးမြူရေးသမား

1.jpg

အမေရိကန်နိုင်ငံမှ နွားမွေးမြူရေးသမားကြီးဟာ သူ့ခြံကို အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ ဝယ်ယူမယ့် ကမ်းလှမ်းမှုအပေါ် ငြင်းဆန်ခဲ့တာကြောင့် အွန်လိုင်းပေါ်မှာ ထင်ပေါ်ကျော်ကြားလာခဲ့ပါတယ်။

ပင်ဆယ်ဗေးနီးယားပြည်နယ် ကမ်ဘာလန်းကောင်တီမှာ နေထိုင်တဲ့ အသက် ၈၆ နှစ်အရွယ် နွားမွေးမြူရေးသမားကြီး မာဗင်ရူဒါဗောက်ဟာ ၂၆၁ ဧက ကျယ်ဝန်းတဲ့ နွားမွေးမြူရေးခြံကြီးကို နှစ် ၆၀ ကျော် ပိုင်ဆိုင်လာခဲ့သူပါ။ အဲဒီခြံကြီးကို ပိုင်ဆိုင်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အနက် ၅၁ နှစ်ကျော်က နွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်မှာ ဒေတာစင်တာ တည်ဆောက်မယ့်သူတွေက ရူဒါဗောက်ရဲ့ ခြံကျယ်ကြီးကို အမေရိကန်ဒေါ်လာ ၁၅ သန်းနဲ့ ဝယ်ယူမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ သူက ငြင်းဆန်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားနပ်ရိက္ခာ ဖြည့်ဆည်းမှုအပိုင်းမှာ အရေးပါသူတစ်ယောက်အဖြစ် ရှိနေပြီး ဒီခြံကိုသာ ဒေတာစင်တာ ဆောက်မယ့်သူတွေထံ ရောင်းချလိုက်ရင် စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းအတွက် ဘာမှ အကျိုးကျေးဇူး ရှိစေမယ့်မဟုတ်ဘူးလို့ ရူဒါဗောက်က ရှင်းပြခဲ့ပါတယ်။

ငွေသန်းပေါင်းများစွာကို ငြင်းဆန်ပြီး လူသားအကျိုး ရှေုးရှုတဲ့ ရူဒါဗောက်ရဲ့ ဆုံးဖြတ်ချက်နဲ့ ရှင်းလင်းဖြေကြားချက်အပေါ် အမေရိကန်ပြည်သူပေါင်းများစွာက ချီးကျူးဂုဏ်ပြုခဲ့ကြပြီး သူ့ရဲ့ရုပ်သံမှတ်တမ်းကလည်း အချိန်တိုအတွင်း ပျံ့နှံ့သွားခဲ့တာပါ။

Ref: 86-Year-Old Farmer Turns Down $15 Million Offer From Data Center Developers

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top