ဂျက်အင်ဂျင်တပ်ထားတဲ့ကိရိယာသုံးပြီး အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကျော်ပျံသန်းမှု မအောင်မြင်

67165587_2499759490054956_1002680198518276096_o.jpg

ပြင်သစ်နိုင်ငံသားတီထွင်သူတစ်ယောက်ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားတဲ့ပျံသန်းရေးကိရိယာအသုံးပြုပြီး အင်္ဂလိပ်ရေလက်ကြားကိုဖြတ်သန်းဖို့ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ Jet Ski ချန်ပီယံဟောင်း ဇာပါတာဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်းကနေ အင်္ဂလန်နိုင်ငံတောင်ပိုင်းကို မိနစ် (၂၀) အတွင်း ပျံသန်းနိုင်မယ်လို့ တွက်ဆခဲ့ပါတယ်။

သူဟာ ကြာသပတေးနေ့နံနက်ပိုင်းမှာ ခါလစ်မြို့ကနေပျံသန်းလာခဲ့ပြီး အင်္ဂလန်နိုင်ငံ ဒိုဗာမြို့က စိန့်မာဂရက်ပင်လယ်အော်ကို ဦးတည်ခဲ့ပါတယ်။ ဒါပေမဲ့ ပျံသန်းရေးကိရိယာကိုဆီဖြည့်ဖို့ စက်လှေပေါ်ကို ဆင်းသက်ချိန်မှာ ရေထဲပြုတ်ကျခဲ့ပါတယ်။ ရေထဲပြုတ်ကျခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရခဲ့ခြင်းတော့မရှိပါဘူး။ ၁၉၀၉ ခုနှစ်မှာ လူးဝစ်ဘလီရီယော့က စက်တပ်ကိရိယာသုံးပြီး အင်္ဂလိပ်ရေလက်ကြားကိုဖြတ်သန်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ လူးဝစ်ဘလီရီယော့ရဲ့ ကြိုးပမ်းမှုအပြီး နှစ် (၁၁၀) အကြာမှာ ဇာပါတာက အခုလို ကြိုးပမ်းခဲ့တာပါ။ ဇာပါတာဟာ ရေပြင်အထက် ပေ ၅၀-၆၅ ပေကြား အမြင့်မှာပျံသန်းပြီး ပျမ်းမျှ တစ်နာရီ (၈၇) မိုင်အမြန်နှုန်းကို ထိန်းဖို့ကြိုးစားခဲ့ပါတယ်။

ဇာပါတာဟာ အခုလအတွင်းကျင်းပခဲ့တဲ့ ပြင်သစ်အမျိုးသားနေ့အခမ်းအနားမှာ သေနတ်ကိုင်ပြီး လေပေါ်ပျံဝဲပြခဲ့လို့ လူအများသတိပြုမိစရာဖြစ်ခဲ့ပါတယ်။ ဇာပါတာရဲ့တီထွင်မှုကနေ စကိတ်ပြားအရွယ်အစားရှိတဲ့ ဘုတ်ပြားကို ဂျက်အင်ဂျင်ငါးလုံးတပ်ဆင်ထားပြီး လောင်စာအဖြစ် လေယာဉ်ဆီကိုအသုံးပြုထားပါတယ်။ ပျံသန်းသူက လေယာဉ်ဆီပုံးကို ကျောပိုးအိတ်ထဲထည့်သွင်းသယ်ဆောင်ရမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top