ဘီစီ (၃) ရာစုတွင် အာသောကမင်းသည် သင်္ဃမိတ္တာအား မူလ မဟာဗောဓိညောင်ပင်၏ တောင်ဘက် ကိုင်းအား သိရိလင်္ကာသို့ ပင့်ဆောင်စေပြီး သာသနာတော်ကို ပြန့်ပွားစေခဲ့သည်။ အာသောကမင်းသည် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူရာ မူလ မဟာဗောဓိညောင်ပင်သို့လည်း မကြာခဏ သွားရောက်လေ့ရှိသည်။ Tissarakkhā သည် အာသောကမင်း၏ မိဖုရားဖြစ်ပြီးနောက် ၃နှစ်အကြာတွင် မင်းကြီး မရှိခိုက် ဗောဓိညောင်ပင်အား ခုတ်လှဲပစ်စေခဲ့သည်။ သို့သော် ဗောဓိညောင်ပင်မှာ ခုတ်လှဲထားသော ပင်စည်မှပင် ပြန်လည်ရှင်သန်ခဲ့သည်။ ထို့ကြောင့် မူလဗောဓိပင်ပင် ဖြစ်သည်။
ဘီစီ ၂ရာစုတွင် ဘုရင် Pushyamitra Sunga မှ ဗောဓိညောင်ပင်အား ဖျက်စီးစေခဲ့သည်။ တိုးစ်ဂိုက်ဆီမှ သိရသည်မှာ သိရိလင်္ကာမှ မဟာဗောဓိညောင်ကိုင်းကို ယူဆောင်ခဲ့ပြီး မူလနေရာမှာပင် ပြည်လည်စိုက်ပျိုးခဲ့သည်။ အေဒီ ၇ရာစု အစောပိုင်းတွင် သသင်္က ဘုရင်မှ ခုတ်လှဲဖျက်စီးပစ်ပြန်သည်။ တတိယမြောက် ဗောဓိညောင်ပင်သည် အမြစ်နေရာမှ အပင်ပြန်ပေါက်လာခြင်း ဖြစ်သည်။
တတိယမြောက်ဗောဓိပင်မှာ သက်တမ်းကြီးရင့်လာပြီး အလိုအလျောက် ပြိုလဲသွားခဲ့သည်။ ဗြိတိသျှအစိုးရအမိန့်ဖြင့် မဟာဗောဓိစေတီအား ပြင်ဆင်လျက်ရှိသော ဆာအယ်လက်ဇန္ဒားကန္နင်ဂမ်မှ ၁၈၈၁ခုနှစ်တွင် ပြိုလဲသွားသော တတိယမြောက် ဗောဓိညောင်ပင်မှ ကိုင်းတစ်ကိုင်းအား ပြန်လည်စိုက်ပျိုးခဲ့သည်။ ယနေ့ ဗုဒ္ဓဘာသာဝင်တို့ သွားရောက်ဖူးမျှော်သော မဟာဗောဓိညောင်ပင်မှာ စတုတ္ထမြောက် စိုက်ပျိုးထားသော ဗောဓိညောင်ပင် ဖြစ်သည်။ ၂၀၀၂ ခုနှစ်တွင် ယူနက်စကိုမှ မဟာဗောဓိစေတီအား ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ပေးခဲ့သည်။
Team (ရိုးရာလေး)