၁၂ ကြိမ်မြောက် မာရသွန်ပြိုင်ပွဲမှာ ပန်းဝင်ခဲ့တဲ့ ၈၈ နှစ်အရွယ် အဘိုးအို

17.12.2024-yyl-3.jpg

အသက် ၈၀ ကျော်ပြီဆိုရင် လူအများစုက တောင်ဝှေးနဲ့တောင် လမ်းလျှောက်နေကြရပေမဲ့ အသက် ၈၈ နှစ်အရွယ်ရှိတဲ့ ဂရိနိုင်ငံသား ပေါ်လီယာကက်စ်ကတော့ သူ့ဘဝရဲ့ ၁၂ ကြိမ်မြောက် မာရသွန်ပြိုင်ပွဲကို ပန်းဝင်အောင် ပြေးနိုင်ခဲ့ပါတယ်။ ၂၆.၂၂ မိုင် အကွာအဝေးပြေးရတဲ့ အေသင်မာရသွန်ပြိုင်ပွဲကို ပေါ်လီယာကက်စ်က ၆ နာရီ၊ ၃၁ မိနစ်နဲ့ ပန်းဝင်ခဲ့တာပါ။

ပေါ်လီယာကက်စ်ဟာ အသက် ၇၃ နှစ်အရွယ်ကျမှ သားဖြစ်သူကို အားကျပြီး မာရသွန် စပြေးခဲ့တာပါ။ သူဟာ နေ့စဉ်နေ့တိုင်း ၄ ကီလိုမီတာ၊ ၅ ကီလိုမီတာ အကွာအဝေး အပြေးလေ့ကျင့်လေ့ရှိပြီး အသက်ကြီးလာပေမဲ့ တိုးတက်မှုတွေ ရှိနေဆဲပါပဲ။ သူဟာ ဒီနှစ်ပြိုင်ပွဲမှာ မနှစ်တုန်းကထက် ၁၈ မိနစ် ပိုစောပြီး ပန်းဝင်ခဲ့တာ ဖြစ်ပါတယ်။

အေသင်မာရသွန်ပြိုင်ပွဲဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ အကွာက မာရသွန်မြို့တိုက်ပွဲမှာ အောင်ပွဲရကြောင်း မြို့တော်အေသင်ထံ သတင်းပို့ဖို့ ဂရိခြေမှန်တပ်သား ဖိုင်ဒစ်အိစ် ပြေးခဲ့တဲ့ လမ်းကြောင်းအတိုင်း ပြေးရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။

Ref: 88-Year-Old Finishes 26-Mile Marathon, Proves Age Is Just a Number
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top