နာမည်ကြီးဆယ်လီတွေရဲ့ အကောင်းဆုံးဟောလိုးဝင်းဝတ်စုံများ

1.11.23-yyl-18.jpg

မနေ့က အောက်တိုဘာ ၃၁ ရက်နေ့ဟာ သရဲပွဲတော်လို့ ခေါ်တဲ့ ဟောလိုးဝင်းပွဲကျင်းပတဲ့နေ့ပါပဲ။ အခုနောက်ပိုင်း အာရှနိုင်ငံတွေမှာလည်း ဒီပွဲကို ကျင်းပလာကြပေမဲ့ အနောက်နိုင်ငံတွေမှာတော့ သရဲတစ္ဆေအဝတ်အစားတွေ၊ မိတ်ကပ်အပြင်အဆင်တွေနဲ့ ပျော်ပွဲရွှင်ပွဲ၊ ပါတီပွဲတွေကျင်းပကြတာ နှစ်စဉ်နှစ်တိုင်းပါပဲ။

အခုနှစ်ဟောလိုးဝင်းမှာ အနောက်နိုင်ငံက နာမည်ကြီးဆယ်လီတွေဟာ ဘယ်လိုပြင်ဆင်ဝတ်ဆင်ခဲ့လဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ဒါကြောင့် အခု နာမည်ကြီးဆယ်လီတွေဝတ်ဆင်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ရဲ့အကောင်းဆုံးဟောလိုးဝင်းဝတ်စုံတချို့ကို မျှဝေပေးချင်ပါတယ်။ အကောင်းဆုံးဟောလိုးဝင်းဝတ်စုံတချို့ကို ကြည့်လိုက်ရအောင်..။

အမိုက်စားဟောလိုးဝင်းဝတ်စုံဝတ်ဆင်ထားတဲ့ အခြားဆယ်လီတွေရဲ့ပုံတွေကို စာဖတ်ပရိသတ်တွေ တွေ့ရင်လည်း မျှဝေပေးခဲ့လို့ရတယ်နော်

၁ အဆိုတော် မီဂန် သီစတာလီယံက “Alice in Wonderland” ဇာတ်ကားထဲက ပန်းပွင့်ပုံစံဝတ်ဆင်ခဲ့တာပါ

၂ မက်ရှင်း ဂန် ကယ်လီ နဲ့ မီဂန်ဖောက်စ်တို့စုံတွဲက Death Note ဇာတ်ကောင်တွေအဖြစ် ဝတ်ဆင်ခဲ့တာပါ

၃ “Toxic” သီချင်းထဲက ဘရီတနီ စပီးယားလို ဝတ်ဆင်ထားတဲ့ ပဲရစ် ဟီလတန်

၄ Flintstones အန်နီးမေးရှင်းဇာတ်လမ်းထဲက ဇာတ်ကောင်တွေအဖြစ် ဝတ်ဆင်ထားတဲ့ ဂျက်စတင်ဘီဘာနဲ့ ဟေလီဘီဘာ

၅ ‘Rosemary’s Baby’ ရုပ်ရှင်ဇာတ်ကောင်တွေအဖြစ် ဝတ်ဆင်ခဲ့တဲ့ မင်းသား ချန်းနင်းတေတမ်တို့စုံတွဲ

၆ အဲဗစ် ပရက်စလေ လို ဝတ်ဆင်ခဲ့တဲ့ မင်းသားကြီးအာနိုးရဲ့သား ပက်ထရစ် ရှာဝါ့တ်ဆန်နက်ဂါ

၇ စနိုးဝှိုက်ဇာတ်ကောင်လို ဝတ်ဆင်ထားတဲ့ အဆိုတော် ဒယ်မီလိုဗာတို

Ref: Best Celebrity Halloween Costumes

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top