အော်စကာဆုမရခဲ့ဖူးတဲ့ ကမ္ဘာကျော်သရုပ်ဆောင် (၅) ဦး

aa0.jpg

ဟောလိဝုဒ်နယ်ပယ်မှာဆိုရင် သရုပ်ဆောင်တွေအနေနဲ့ အော်စကာဆုရရှိဖို့ ခက်ခဲလှပါတယ်။ ဒါပေမဲ့ အော်စကာဆုမရရှိခဲ့တဲ့ သရုပ်ဆောင်တွေက မတော်လို့ မတတ်လို့၊ အရည်အချင်းမရှိလို့ မရကြတာမဟုတ်ဘဲ အကြောင်းအမျိုးမျိုးကြောင့် လွဲချော်သွားရတာပါ။ အော်စကာဆုပေးပွဲက မရေတွက်နိုင်တဲ့ သရုပ်ဆောင်တွေကို ဆုတွေနဲ့ ဂုဏ်ပြုချီးမြှင့်ခဲ့ကြပေမယ့် အရည်အချင်းရှိတဲ့ကမ္ဘာကျော်သရုပ်ဆောင်တချို့ကျန်ရစ်ခဲ့ပါတယ်။ အကောင်းဆုံးသရုပ်ဆောင်ခဲ့ကြပေမဲ့ အော်စကာဆုလုံးဝမရရှိခဲ့ဖူးတဲ့ သရုပ်ဆောင် (၅) ဦးကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

တွမ်ခရုစ် (Tom Cruise)

မင်းသားကြီး တွမ်ခရုစ် (Tom Cruise) ဟာ “Mission Impossible”, “Top Gun” လို အက်ရှင်ဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသားတစ်လက် ဖြစ်ပါတယ်။ သူဟာ “Born on the Fourth of July, Valkyrie, Magnolia, Jerry Maguire” အစရှိတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ပြောင်မြောက်တာကြောင့် ချီးကျူးဂုဏ်ပြုခံခဲ့ရပါတယ်။ ဒါပေမဲ့ ချီးကျူးဂုဏ်ယူလောက်အောင် ကြိုးစားသရုပ်ဆောင်ခဲ့ပေမဲ့ သူဟာ အော်စကာဆုကိုတော့ မဆွတ်ခူးနိုင်ခဲ့ပါဘူး။

ရောဘတ် ဒေါင်းနီ ဂျူနီယာ (Robert Downey Jr)

မင်းသားကြီး ရောဘတ် ဒေါင်းနီ ဂျူနီယာ (Robert Downey Jr) ဟာ ဘယ်ဇာတ်ရုပ်ကိုမဆို သရုပ်ဆောင်နိုင်တာကို “Iron Man”, “Sherlock Holmes”လို လူကြိုက်များတဲ့ဇာတ်ကားတွေမှာ သက်သေပြသွားခဲ့ပြီးပါပြီ။ သူဟာ “Tropical Thunder”ဇာတ်ကားမှာ အာဖရိက-အမေရိကန် ကပြားတစ်ယောက်အဖြစ်တောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူဟာ အော်စကာဆုပေးပွဲရဲ့ စကာတင်စာရင်းမှာ နှစ်ကြိမ်ပါဝင်ခဲ့ပေမယ့် နှစ်ကြိမ်လုံး လွဲချော်ခဲ့တာပါ။

ဂျွန်နီ ဒက်ပ် (Johnny Depp)

ဟောလိဝုဒ်ရဲ့ ဆန်းသစ်တီထွင်နိုင်ဆုံးမင်းသား ဂျွန်နီ ဒက်ပ် (Johnny Depp) ဟာ အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမင်းသားဆုကို မပိုင်ဆိုင်ခဲ့ရပါဘူး။ သူဟာ Edward Scissorhands, Sweeney Todd, Jack Sparrow လို ဇာတ်ရုပ်တွေနဲ့ သရုပ်ဆောင်ကောင်းကြောင်း ချီးကျူးခံခဲ့ရတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။ ဒါပေမဲ့ အော်စကာဆုပေးပွဲမှာ ဆုတစ်ဆုမှ မရရှိခဲ့ဖူးပါဘူး။

ဂလန်န် ကလို့ (Glenn Close)

ဂလန်န် ကလို့ (Glenn Close) ဟာ အနုပညာနယ်ပယ်မှာ ဆယ်စုနှစ် (၄) စုနီးပါးရှိနေခဲ့ပြီး အော်စကာဆုပေးပွဲရဲ့စကာတင်စာရင်းမှာ (၇) ကြိမ်ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ အော်စကာဆုကို မဆွတ်ခူးနိုင်ခဲ့ပါဘူး။ အခုနှစ်မှာလည်း “The Wife” ဇာတ်ကားနဲ့ အော်စကာဆုရဖို့ အခွင့်အလမ်းများခဲ့ပေမဲ့ လွဲချော်ခဲ့ပါတယ်။

ချာလီ ချက်ပလင် (Charlie Chaplin)

ရုပ်ရှင်အနုပညာရှင်တွေအားလုံးထဲမှာ ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်တဲ့ ချာလီ ချက်ပလင် (Charlie Chaplin) ကိုတော့ တစ်ကမ္ဘာလုံးကလူတွေ မသိသူမရှိသလောက်ပါပဲ။ အသံတိတ်သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ပျော်ရွှင်မှု ပေးစွမ်းနိုင်ခဲ့တဲ့ ချာလီဟာ အော်စကာဆုကို မပိုင်ဆိုင်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ သူဟာ ပရိသတ်တွေ အသိအမှတ်ပြုပေးထားတဲ့ အကောင်းဆုံးဆုကိုတော့ ရရှိပိုင်ဆိုင်ခဲ့ရပါတယ်။

Ref: Tribune “5 legendary actors that never won an Oscar”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top