Facebook Messenger ကို အနက်ရောင်အသွင် (Dark Mode) နဲ့ သုံးကြည့်မလား

activate-hidden-dark-mode-facebook-messenger.1280x600.jpg

Facebook Messenger ကို အသွင်သစ်တစ်မျိုးနဲ့သုံးလို့ရပြီ ဆိုတာက ခုရက်ပိုင်းမှာ ဖေ့ဘွတ်ခ်သုံးစွဲသူတွေအကြား အတော်လေးရေပန်းစားနေတဲ့ကိစ္စလေးမို့ မသိသေးတဲ့သူတွေရှိနေသေးရင် သိရအောင် မျှဝေပေးလိုက်ပါရစေ..။

ပြီးခဲ့တဲ့နှစ်လောက်ကတော့ Facebook ဟာ ဒီ Dark Mode ကို Messenger အတွက် နိုင်ငံအချို့မှာပဲ စမ်းသပ်သုံးစွဲခွင့်ပေးထားခဲ့တာပါ။ အခုတော့ iOS နဲ့ Android သုံးစွဲသူတွေအားလုံး သုံးစွဲလို့ရနိုင်နေပါပြီ။ Dark Mode နဲ့ သုံးလို့ရအောင် Messenger Setting ထဲမှာရှာပြီးပြောင်းလို့တော့ မရပါဘူး။ ဒီတော့ လုပ်ရမယ့်နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်။

  1. iOS နဲ့ Android ဘာ OS ပဲသုံးသုံး ကိုယ်သုံးနေတဲ့ Messenger က နောက်ဆုံးဗားရှင်းဖြစ် မဖြစ် စစ်ဆေးပါ။ မဖြစ်ရင် မြှင့်ပေးရမှာပါ။
  2. ကိုယ့်ရဲ့ သူငယ်ချင်းတွေထဲက တစ်ယောက်ဆီကို လခြမ်းပုံ emoji လေးကို ပို့ပေးပါ။
  3. လခြမ်းပုံလေးတွေကျလာတာကိုတွေ့ရင် လခြမ်းပုံလေးတွေပေါ်မှာ နှစ်ချက်ဆက်တိုက်ဖိနှိပ်ပေးပါ။
  4. အပေါ်ဘက်နားမှာပေါ်လာတဲ့ Mode ပြောင်းလဲတဲ့ setting ထဲကိုဝင်ပါ။
  5. Dark Mode ကို On ပါ။

ဒါဆိုရင်တော့ အရင်ကနဲ့ မတူတဲ့ အသွင်သစ် Messenger ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ကဲ…အခုပဲ စမ်းသပ်ကြည့်လိုက်ပါဦးဗျ…။

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top