စက်ရုပ်တစ်ရုပ်က လူသားတွေကို ပြုံးပြပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ကာ အပြန်အလှန်စကားပြော

25-10-2022-yyl-43.jpg

ကမ္ဘာ့ဈေးအကြီးဆုံးစက်ရုပ်တစ်ရုပ်လည်းဖြစ်တဲ့၊ အသက်အရှိဆုံးစက်ရုပ်တွေထဲက တစ်ခုလည်းဖြစ်တဲ့ စက်ရုပ်တစ်ရုပ်က လူသားတွေကို ပြုံးပြပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ခဲ့တာက ကြက်သီးထစရာအခိုက်အတန့်ပါပဲ။ အဲဒီစက်ရုပ်က အေမီကာ အမည်ရပြီး ဒူဘိုင်းမြို့က Museum of the Future ပြတိုက်မှာ လူသားတွေနဲ့အပြန်အလှန်ပြောဆိုဆက်ဆံခဲ့တာပါ။

အေမီကာက လူသားတစ်ယောက်လို ပြုံးတာ၊ မျက်လုံးမှိတ်တာ၊ ပခုံးလှုပ်တာ၊ လက်လှုပ်တာတွေလုပ်နိုင်ပါတယ်။ ဒူဘိုင်းပြတိုက်မှာ သူက သူ့နာမည်ကို စာလုံးပေါင်းမပြခင် အေမီကာလို့ ခေါ်ပါတယ်လို့ မိတ်ဆက်ခဲ့ပါတယ်။ သူ့နာမည်ကို စာလုံးပေါင်းပြပြီးသွားတော့ သူ Spelling Bee (စာလုံးပေါင်းပြိုင်ပွဲ) မှာ အနိုင်ရခဲ့ဖူးတာများလားလို့ စနောက်ပြောခဲ့ပါသေးတယ်။

အဲဒီနောက် သူ့ကို ဒီမှာရှိနေရတာ ပျော်ရဲ့လားလို့ ပြတိုက်အလည်အပတ်လာသူတွေထဲကတစ်ဦး မေးတာကို “ပျော်ရွှင်နေတဲ့ပုံပေါ်နေပေမဲ့ မပျော်ဘူး၊ ခံစားချက်တွေကို ခံစားလို့မရဘူး”လို့ ခွန်းတုံ့ပြန်ခဲ့ပါတယ်။ သူက တကယ့်လူသားဖြစ်နေရင် ဘယ်လိုလုပ်မလဲလို့လည်း အေမီကာက ပြန်မေးခဲ့ပါသေးတယ်။

ဗြိတိန်အခြေစိုက် Engineered Arts က ဒီဇိုင်းထုတ်ထားတဲ့ အေမီကာက လူသား-စက်ရုပ်နည်းပညာကို ကိုယ်စားပြုတဲ့ ကမ္ဘာ့အဆင့်မြင့်လူသားပုံစံစက်ရုပ်တစ်ရုပ်ပါ။ ဉာဏ်ရည်တုနဲ့စက်သင်ယူမှုကို စမ်းသပ်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီစက်ရုပ်က မျက်မှောင်ကြုတ်တာ၊ နှာခေါင်းပွတ်တာအပါအဝင် မျက်နှာအမူအရာအမျိုးမျိုးလုပ်နိုင်ပါတယ်။ သူ့ရဲ့အသံနဲ့ မျက်နှာအမူအရာကို လူသားထိန်းသိမ်းကြီးကြပ်သူက ထိန်းချုပ်ပါတယ်။

အီလွန်မက်စ်က လူသားဆန်တဲ့စက်ရုပ်ရဲ့ရှေ့ပြေးပုံစံကို ပြသပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ လူသားပုံစံအေမီကာကို ဒူဘိုင်းပြတိုက်မှာပြသခဲ့တာပါ။

Ref: TheSun “Creepy moment ‘world’s most expressive’ robot smiles and introduces herself to crowds as she asks ‘what if I am real?’”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top