၉ နှစ်အရွယ်ကတည်းက ​ကောလိပ်မှာ ပညာသင်ခွင့်ရ​နေတဲ့ က​လေးငယ်

collage.jpg

အ​မေရိကန်နိုင်ငံ ပင်ဆယ်​ဗေးနီးယားပြည်နယ်မှ ၉ နှစ်အရွယ် က​​လေးငယ် အိုက်ဒင်ဝီလ်ကင်ဟာ အာဆီးနက်​ကောလိပ်မှာ အာရုံ​ကြောသိပ္ပံ ဘာသာရပ် သင်ယူလျက်ရှိပါတယ်။ ဝီလ်ကင်ဟာ အသက် ၂ နှစ်အရွယ်ကတည်းက ဘယ်သူမှ သင်ကြား​​ပေးထားခြင်းမရှိဘဲ စာဖတ်နိုင်စွမ်း ရှိ​ခဲ့သူပါ။


အသက် ၃ နှစ်အရွယ်ကတည်းက ခန္ဓာ​ဗေဒ ဗီဒီယို​​တွေကို စိတ်ဝင်တစား ကြည့်ရှု​လေ့ရှိတဲ့ ဝီလ်ကင်ဟာ လူ့​ဦး​နှောက်ရဲ့ အလုပ်လုပ်ပုံအ​ကြောင်း အလွန်စိတ်ဝင်စားခဲ့ပါတယ်။ သူဟာ တစ်ဖက်မှာ အထက်တန်း​ကျောင်း ပညာ​ရေး သင်ယူရင်း တစ်ပတ် ၃ကြိမ်နှုန်း ကောလိပ်မှာ စာသွားသင်​နေတာပါ။ သူဟာ အာဆီးနက်​ကောလိပ်သမိုင်းမှာ အသက်အငယ်ဆုံး ​ကျောင်းသားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူ့ရည်မှန်းချက်က​တော့ က​လေးအာရုံ​ကြော ခွဲစိတ်ဆရာဝန် ဖြစ်ချင်တာပါတဲ့။

Ref: 9-Year-Old Makes History At Pennsylvania College, Plans To Become A Pediatric Neurosurgeon

NZ (ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top