အီရန်နိုင်ငံရဲ့ နျူကလီးယား စွမ်းအင်စက်ရုံ ဝင်းထဲက အဆောက်အအုံ တစ်လုံး မီးလောင်

3-7-2020-yyl-003.jpg

အီရန်နိုင်ငံရဲ့ နျူကလီးယားစွမ်းအင် စက်ရုံဝင်းထဲက အဆောက်အအုံတစ်လုံး မီးလောင်ပျက်စီးခဲ့ပေမဲ့ သေဆုံးသူမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်ပိုင်းက မီးလောင်ခဲ့တာပါ။ အီရန်အဏုမြူစွမ်းအင် အဖွဲ့အစည်း(IAEO)က ဝေမျှထားတဲ့ဓာတ်ပုံအရ အဆောက်အအုံခေါင်မိုး မီးကျွမ်းနေပြီး တံခါးတွေ ကျိုးကြေ၊ ပြတင်းပေါက်တွေ ကွဲထွက်နေတာ တွေ့ရပါတယ်။

အဲဒီအဆောက်အအုံဟာ တီဟီရန်မြို့တောင်ပိုင်း အစ်ဖာဟန်ပြည်နယ်မှာ တည်ရှိပါတယ်။ မီးလောင်ခဲ့တဲ့ အဆောက်အအုံဟာ ဆောက်လက်စ အဆောက်အအုံဖြစ်ပြီး မီးလောင်မှုကြောင့် နျူကလီးယားစွမ်းအင် စက်ရုံဝင်းထဲက ပင်မဧရိယာကို မထိခိုက်ခဲ့ဘူးလို့ နာတန့်ဇ်ပြည်နယ်အုပ်ချုပ်ရေးမှူး ဖာဒေါ်စီက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top