ရုံတင်တဲ့ပထမပတ်အတွင်း ထုတ်လုပ်ရေးကုန်ကျစရိတ်ကြေပြီး အမြတ်ငွေစရနေပြီဖြစ်တဲ့ Saw X ဇာတ်ကား

2.10.23-yyl-၃.jpg

လက်တလောရုံတင်ပြသနေတဲ့ Saw X ဇာတ်ကားဟာ စပြီးရုံတင်တဲ့ရက်သတ္တပတ်အတွင်း ပြည်တွင်း Box Office မှာ ၁၈ သန်းရရှိခဲ့သလို နိုင်ငံတကာ Box Office မှာလည်း ဒေါ်လာ ၁၁.၃ သန်းရရှိခဲ့ပါတယ်။ Worldwide Box Office အနေနဲ့ ခန့်မှန်း‌ခြေ ဒေါ်လာ ၂၉.၃ သန်းရရှိထားပါတယ်။ ရုပ်ရှင်ရိုက်ကူးတဲ့ကုန်ကျစရိတ်က ၁၃ သန်းဖြစ်တဲ့အတွက် အရင်းကြေသွားပြီး အမြတ်ငွေစရနေပါပြီ။

၂၀၂၁ ခုနှစ်မေလက ရုံတင်ခဲ့ကာ အဖွင့်ရုံတင်ငွေ ဒေါ်လာ သန်း ၈.၇၅၀ ရရှိခဲ့တဲ့ Spiral: From The Book of Saw ဇာတ်ကားထက် Saw X က ပထမပတ်အတွင်း ရုံတင်ငွေ ၂ ဆကျော်ဖြစ်ခဲ့တာပါ။ ၂၀၁၇ ခုနှစ် အောက်တိုဘာမှာ ထွက်ရှိခဲ့တဲ့ Jigsaw ဇာတ်ကားက ရုံတင်ငွေ ဒေါ်လာ ၁၆.၆ သန်းနဲ့ စဖွင့်ခဲ့တာပါ။

လက်ရှိမှာတော့ ဒါရိုက်တာ Kevin Greutert ရိုက်ကူးထားတဲ့ Saw X က Rotten Tomatoes မှာ ၈၅ ရာခိုင်နှုန်းနဲ့ Audience Score မှာ ၉၂ ရာခိုင်နှုန်းရရှိထားပါတယ်။

Ref: ‘Saw X’ Isn’t Playing Any Games at the Global Box Office With Impressive Debut

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top